အပိုင်း ၅၈

2.2K 79 20
                                    

တစ်ပတ်

တစ်ပတ်ဟူသည့် အချိန်ကာလဟာ အရာအားလုံးကို ​ပြောင်းလဲပစ်ဖို့ လုံ​​လောက်​ပါသည် ။

ငယ်မရှိ​တော့သည့် အိမ်ကြီးထဲတွင် အထီးကျန်စွာဖြင့် ..... ငယ်မကြိုက်သည့် ​ဆေးလိပ်ကိုလည်း မ​သောက်သလို အရက်နဲ့လည်း အသည်းကွဲဒဏ်ရာကို မကုစားပါဘူး ။

ငယ် သွား​စေချင်တဲ့ ​နေရာကို အစ်ကိုသွား​တော့မယ် ။
အဲ့ဒီ​နေရာမှာ ဘယ်​လောက်ကြာမယ် မသိလို့ ​စောင့်​နေဖို့ မ​ပြောခဲ့​တော့ဘူး ။ ငငယ် ... ငယ့်ဘဝကို အလှဆုံးရှင်သန်သွား .....
အစ်ကို့ ကြမ္မာက အ​မှောင်ထဲမှာ တစ်​ယောက်တည်းရှင်သန်သွားရမှာမျိုး​လေ ။
ဒါ့​ကြောင့် ငယ်ရဲ့ ​တောက်ပတဲ့ ဘဝ​လေးနဲ့ အစ်ကိုနဲ့က မဆိုင်​တော့ပါဘူး ။

ငယ်​ပြောခဲ့သလိုမျိုး အတိတ်က အစ်ကို့ကို ​မေ့လိုက်ပြီး ​ပျော်​ပျော်ရွှင်ရွှင်​နေသွားပါ ကိုယ့်အချစ် ။

ဒိုင်ယာရီစာအုပ်​လေးရဲ့ စာမျက်နှာ​​ပေါ်မှာ တစ်ခုတည်း​သော ဒိုင်ယာရီကို ​ရေးခြစ်ပြီး​နောက် စာအုပ်ကို ပိတ်လို့ စားပွဲ​​ပေါ်တွင် အပြာ​ရောင် စာအုပ်ထူကြီးတစ်အုပ်နှင့်အတူ သပ်သပ်ရပ်ရပ် တင်ထားလိုက်သည် ။

ထိုအိမ်ရဲ့ အခန်းတစ်ခုတွင် အဖျားတက်ကာ တစ်စုံတစ်​ယောက်ကို တမ်းတ​နေ​သော ​ကောင်​လေးတစ်​ယောက်လည်း ရှိ၏ ။ ကိုယ်​သေး​​သေး​လေးနဲ့ မလိုက်​အောင် ဒဏ်ရာ​တွေက မွစာကြဲ​လို့နေသည် ။ သူ့ ​ဘော့စ်ရဲ့ ဆုံးဖြတ်ချက်​တွေကိုလည်း သူ ဘာဆိုဘာမှ မသိရ​သေးပါ​လေ ။ ထိုအ​ကြောင်း မဆို​လေနှင့် ။ သူ့ကို အခန်း​ရွှေ့​​ပေးထားသည်ကို​ရော သိရှိပါရဲ့လား ။

×××××××××××××××××××××××

စိမ်းလန်း​သော သစ်ပင်တို့ ဝန်းရံလျက်ရှိပြီး ​ကျေးငှက်သရကာတို့၏ ​တေးသံတို့ လွှမ်းခြုံထားသည့် ​ခပ်နုံနုံ ပျဥ်​ထောင်အိမ်​လေးတစ်လုံး​ရှေ့တွင် ​ကောင်မ​လေးတစ်​ယောက်ဟာ ဖြူစင်စွာ ပြုံးထားနိုင်​နေသည် ။ ဖြစ်ခဲ့သမျှ အရာရာကို လတ်ဆတ်​သော ​လေညှင်းနှင့်အတူ လွှင့်လိုက်ပါပြီ ။

မကြာမီ
သီချင်းနား​​ထောင်ရန် က​လေး​တွေရယ် အဆိုသင်ရန် ဆယ်​ကျော်သက်​တွေရယ် ​ရောက်လာ​တော့မှာမို့ ဂစ်တာကြိုးကို ချိန်ညှိ​ရင်း သီချင်းတစ်ပုဒ်ကို တီးခတ်လိုက်သည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now