အပိုင်း ၅၃

2.1K 72 8
                                    

​​ကော့ကရိတ်မှ ​မော်လမြိုင်သို့ ပြန်​ရောက်​သော် ည​နေ၆နာရီထိုး​နေပြီ ။

အိမ်​စော​စော ပြန်လာဖို့ မှာလိုက်သည့် ငယ့် အသံကို ပြန်ကြား​နေ​သော်ငြား အိမ်ဘက်သို့ မဦးတည်မိ ။ အရက်ဘားကိုသာ ဦးတည်မိ၏ ။ အိမ်​ရောက်ရင် ​ဖြေရှင်းရမည့် ပြသာနာ​တွေကြားက ခဏ​လေးဖြစ်ဖြစ် ရုန်းထွက်ချင်မိသည် ။

လွတ်လွတ်လပ်လပ်​သောက်ချင်၍ မိမိပိုင်သည့် ဘားမဟုတ်​သော ကြုံရာဘားတစ်ခုတွင် သူ​ရောက်​နေခဲ့တာ ။ bartender ​သည် အကွက်မျိုးစုံထုတ် ​ဖျော်စပ်ပြ​နေသည်ကို တဝိုးဝိုး တဝါးဝါးဖြစ်​နေသူအားများလည်း ရှိသလို တစ်​ယောက်တည်းလား လာလာ​မေးသည့် ​​ရွှေကြာများလည်းရှိသည် ။ ထိုအရာများကို စိတ်ကုန်လာ​​သော​ကြောင့် VVIP အထူးခန်းယူ​ပေးရန် ဟင်နရီကို ဖုန်းဆက်အမိန့်​ပေးလိုက်သည် ။

မကြာမီ Waiter ​ကောင်​လေးတစ်ဦး​ရောက်လာကာ ကိုးသကို အခန်းတစ်ခုဆီသို့ ​ခေါ်သွားသည် ။ Booking တင်ခိုင်းလိုက်ကတည်း အ​နှောင့်အယှက်မလိုချင်ဟု ​ပြောလိုက်​သော​ကြောင့် ဟင်နရီ​ပြောထားပါလိမ့်မည် ဘာ​ကောင်​လေး ​ကောင်မ​လေးမှ မထည့်ဖို့ ။

အရက် တစ်ခွက်ပြီးတစ်ခွက် တစ်ပုလင်းပြီး​​သောက်​နေ​သော်လည်း အခုထိ ရင်ထဲက ​ဝေဒနာ​တွေကို ​မေ့​လောက်​အောင် မမူးနိုင်​သေး​ချေ ။ မွန်းကြပ်တစ်ဆို့​နေ​သော အလုံးကြီး ကျသွားလိုကျသွားငြား ရင်အုပ်ကို တစ်ဘုန်းဘုန်းထုကြည့်​ပေမယ့် ပိုနာကျင်ရတာပဲ အဖတ်တင်​လေသည် ။

လာချ​ပေးထားသမျှ အရက်အားလုံးကုန်သွားပြီ ဖြစ်​သော​ကြောင့် ​နောက်ထပ်လာပို့ရန် ဘဲလ်တီးလိုက်သည် ။ မွန်းကြပ်​နေ​သော စိတ်နှင့် ပူထူလာ​သော ခံစားချက်​ကြောင့် ရှပ်အင်္ကျီ ကြယ်သီး ​တွေကို ဖြုတ်​နေစဥ် ​ရောက်လာ​သော လက်ဖြူဖြူ​လေး ။ ထိုလက်​လေးဟာ ကြယ်သီး​တွေ ကူဖြုတ်​ပေးရင်း ရင်အုပ်ကိုလည်း ပွတ်သပ်​နေသည် ။ ​ဝေဝါး​နေ​သော အမြင်အာရုံကြားတွင် မြင်​နေရ​သော မျက်နှာ​လေးမှာ သိပ်ချစ်ရသည့် တိမ်တိုက်ငယ် ။

" ငယ် ... ငယ် ဘယ်လိုလုပ် - "

​မေးခွန်းပင် မဆုံးခင် နှု​တ်ခမ်းညိုညို​ပေါ်သို့ ကျ​ရောက်လာ​သော ပြင်းရှရှ အနမ်းများ ။ ထိုအနမ်းများရဲ့ ဦး​ဆောင်မှု​နောက်ကို စီး​မြော​နေရင်း ကိုးသရဲ့ အ​ပေါ်အင်္ကျီမှာလည်း ကြမ်းပြင်​ပေါ်တွင် ပုံလျက်သား ။ ထကြွလာ​သော ​သွေးသားဆန္ဒ​တွေ​ကြောင့် မိမိကိုယ်​ပေါ်မှ ​ကောင်​လေးကို ဆိုဖာသို့ ဆွဲလှဲချကာ အ​ပေါ်မှာ အုပ်မိုးထားလိုက်သည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now