အပိုင်း ၁၆

3.6K 207 36
                                    

UNICODE

" လက်ထပ်စာချုပ်ဆိုတာ contract ပဲ
Contract တစ်ခု တရား၀င်ဖို့ဆိုတာ coercion မရှိရဘူးလို့ အစ်ကို ၂နှစ်​တောင်တက်ခဲ့တဲ့ ဒုတိယနှစ်မှာ သင်ရတယ်​လေ
အစ်ကိုက ခြိမ်း​ခြောက် အကြပ်ကိုင်ပြီး ချုပ်ဆိုခဲ့တာမို့လို့ ဒီ စာချုပ်က invalid ဖြစ်တယ် "

Invalid ဖြစ်တယ်
တရားမဝင်ဘူး​ပေါ့​လေ
အစကတည်းက တရားမဝင်မှန်းသိလို့ ငယ်က လက်မှတ်ထိုး​ပေးတာ​ပေါ့

ဒီ​လောက်ထိ​တောင် အစ်ကို့အနားမှာ မ​နေချင်​တော့တာလား

ကိုးမှာ ခတ္တမျှ အ​တွေး​တွေကြား တိတ်ဆိတ်​နေ​သော​ကြောင့် အခန်း​လေးမှာလည်း တိတ်ဆိတ်​နေသည် ။ ငယ်ဟာလည်း ဥပ​ဒေအ​ကြောင်းရွတ်ပြပြီး​နောက် တစ်ခွန်းတစ်ဘာသမှ ထပ်မ​ပြော​တော့ဘဲ နှုတ်ဆိတ်​နေသည် ။

​နောက် .....
ကြမ်းပြင်​ပေါ်မှ ငယ့်နား ကိုးတိုးလာကာ မုဆိုးထိုင် ထိုင်လိုက်၏ ။
ငယ့် ဘယ်ဘက်လက်ကို အသာကိုင်ကာ ​လက်မှ သံကွင်းကို ​သော့ဖြင့် ဖွင့်​ပေးလိုက်သည် ။

" အ​ပေးအယူနဲ့ စာချုပ်လုပ်တာ​လေ
ဘာ coercion လဲ
အဲ့ဒါ​ကြောင့်မို့တရား၀င်တယ်
အစ်ကို ငယ့်ကို လွှတ်​ပေးပြီးပြီ
ငယ်လည်း ကတိအတိုင်း လက်မှတ်ထိုး ~"

' ခွပ် '

ဘယ်က​နေဘယ်လို ကိုးမျက်နှာ​ပေါ် ​အောင့်ခနဲ နာကျင်မှု​ရောက်လာသည်ကိုပင် သတိမထားမလိုက် ။ ခံတွင်းတွင် ငန်ကျိကျိ အရသာဖြစ်​ပေါ်လာမှသာ ငယ်က ထိုးလိုက်သည်မှန်း ကိုးသိလိုက်ရသည် ။

နှုတ်ခမ်း​ထောင့်မှ စီးကျလာ​သော ​သွေးနီနီကို လက်မဖြင့် ပွတ်သုတ်ကာ ထို​သွေးစွန်းလက်မကို စိုက်ကြည့်ရင်း ကိုး ဟက်ခနဲရယ်လိုက်၏ ။

" ထိုးပါ
ထိုးလိုက်ပါ
ငယ် အစ်ကို့ကို ဒီထက်ပို နာ​အောင်လုပ်လည်းရတယ်
တစ်ခုပဲ ... ငယ် အစ်ကို့နားက​တော့ ထွက်သွားလို့မရဘူး "

" တစ်ကိုယ်​​ကောင်း အတ္တသမား "

" ဟုတ်တယ် အစ်ကိုက အတ္တသမား
ငယ်က သစ္စာ​ဖောက်
​အဟက် ... သိပ်လိုက်ဖက်တာပဲ​နော် "

" လဲ​သေလိုက် "

" အစ်ကို့ကို မ​သေခိုင်းနဲ့
အစ်ကို​သေရင်​လေ ငယ့်ကိုပါ အပါ​ခေါ်သွားမှာ
အရင်တစ်ခါကလို ငယ့်ကို ဘယ်​တော့မှထပ်ထားမသွားဘူးလို့ ဆုံးဖြတ်ထားလို့ "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now