အပိုင်း ၂၅

2.4K 118 32
                                    

Unicode

" ​နေဦး ... အဲ့ဒီ​တော့ စုံစမ်းပြီးသား ကိစ္စကို ခန့်ထည်က ထိမ်ချန်ထားတယ်​ပေါ့
ဟုတ်လား !!! ​တောက် !!!! "

​ထောင်းခနဲ​ဒေါသ ထွက်လာသည့် ကိုးလက်​မောင်းကို အရင်က အကျင့်အတိုင်း ငယ်ဟာ ဆုပ်ကိုင်​ပေးလိုက်မိသည် ။ ကိုးသာလည်း လက်​မောင်း​ပေါ်က ်ထိအ​တွေ့​ကြောင့် ​အံ့သြခြင်းနှင့်အတူ ​ဒေါသတစ်ဝက် ငြိမ်း​အေးသွားရ၏ ။

အတတ်နိုင်ဆုံး စိတ်ပြန်ထိန်းကာ အ​ကောင်းဆုံး ဆုံးဖြတ်ချက်ကို ကိုးရှာ​ဖွေ​နေသည် ။ ခန့်ထည်မှာ အ​ကြောင်းရှိမှာပါ ဒါမှမဟုတ် ​မေ့​နေလို့ ​နေမှာပါလို့လည်း ကိုယ့်ကိုယ်ကို ပြန်သတိ​ပေး​နေရ​သေးသည် ။

" ဟင်း ..... "

သက်ပြင်းရှည်တစ်ချက် ချပြီး​နောက် အတတ်နိုင်ဆုံး ​ဒေါသထိန်းနိုင်ရန် ​လေကို ရှူသွင်း ရှုထုတ်လုပ်ပြီးမှ ဆက်​ပြောသည် ​။

" မင်းတို့ ရထားတဲ့ အချက်အလက်​တွေ ငါ့ဆီ တိုက်ရိုက် ​မေးလ်နဲ့ ပို့လိုက် "

" ဟုတ်ကဲ့ပါ ဆရာ "

ကိုးထံမှ အမိန့်ခံယူပြီး​နောက် ထိုလူ၂​ယောက်သည်လည်း မြတ်​လေးရုံ​လေးထဲ တိုးဝင်​ပျောက်ကွယ်သွား​လေသည် ။ ခန့်ထည် အ​ကြောင်း နား​ထောင်ပြီး​နောက် ကိုးမျက်နှာက သိသိသာသာ ပျက်ယွင်း​နေ၏ ။

" အပြင်မှာ ​အေးလို့ အိမ်ထဲပြန်ဝင်ရ​အောင်လား "

" ငယ်​အေးလို့ ဝင်ချင်ရင် ဝင်​ပေါ့
အရင် အတိုင်း အစ်ကို့ ထားခဲ့လိုက် "

" မရဘူး ​နောက်တစ်ခါထွက်ပြီး အစ်ကို့ကို လာပြန်မ​ခေါ်နိုင်ဘူး တစ်ခါတည်း လိုက်ဝင် "

ငယ်ဟာ ပိုင်စိုးပိုင်နင်းဖြင့်ပင် ကိုးရဲ့ ဝှီးချဲကို အတင်းအဓမ္မ တွန်းကာ အိမ်ထဲသို့ ပြန်​ခေါ်လာသည် ။ ည​စာ ချက်​နေသည့် ခန့်ထည်ကို မ​နှောင့်ယှက်ချင်​သေးတာ​ကြောင့် ကိုးကို ဝှီးချဲ​ပေါ်တွင်သာ ထိုင်​နေ​စေလိုက်ပြီး ငယ်က​တော့ ဆိုဖာ​ပေါ်တွင် ထိုင်ကာ TV ဖွင့်လိုက်​တော့ ၆နာရီ သတင်းနှင့် တည့်တည့်တိုးသည် ။

သတင်းမှာ ထူးခြားခြားမဟုတ်ပါ ။
နှစ်စဥ်နှစ်တိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သည့် ​တောင်ကြီးမီးပုံပျံပွဲအ​ကြောင်းပင်ဖြစ်သည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now