အပိုင်း ၄၈

1.6K 88 13
                                    

' ချက် ...ချက်....ချက် '

အဖြူ​ရောင် အခန်း​လေးတွင်းတွင် နံရံ​ပေါ်ရှိ နာရီသံမှ လွဲ၍ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်​နေ၏ ။ ​စတီးတိုင်​လေးတွင် ချိတ်ထား​သော ​ဆေးဘူးမှာ ကုန်နေပြီ ဖြစ်သလို ​ကောင်​လေး​တစ်​ယောက်သည်လည်း ဆိုဖာတွင် ထိုင်လျက်​လေး အိပ်​ပျော်​နေသည် ။

သူ အိပ်​ပျော်သွားသည်မှာ ၅မိနစ်​တောင် မပြည့်​​သေးပါ​လေ ။

" အာ့ !! "

နာကျင်ကိုက်ခဲမှုနှင့်အတူ နိုးထလိုက်စဥ် အသက်ရှူလမ်း​ကြောင်းထဲ တိုးဝင်လာ​သော အနံ့အသက်​ကြောင့် ​ရောက်​နေ​သည့်​နေရာမှာ ​ဆေးရုံဖြစ်သည်ကို ချက်ချင်း သိရှိလိုက်၏ ။

မျက်လုံးဖွင့်လိုက်စဥ် ပထမဆုံး မြင်လိုက်ရသည်မှာ မျက်နှာကျက်ဖြူဖြူ ။

ဒီလှိုင်းဦးမှာ နိုးသည်နှင့် အငြိမ်မ​နေ ထထိုင်တက်သည့် အကျင့်က​လေး ရှိသည်မို့ လက်နှစ်ဖက်ကို အားပြု​ထောက်ကာ ​ခေါင်းရင်းနံရံကို မှီထိုင်လိုက်သည် ။

လက်ဖမိုးမှ ခပ်စူးစူး​ဝေဒနာကို ခဏတာ လျစ်လျူရှုထားမိ​စေသည်က ဆိုဖာ​ပေါ်တွင် ပစ်စလက်ခက် အိပ်​ပျော်​နေ​​သော ​ဇေခန့်ထည်ပင် ။ အ​ကြောအခြင်​တွေ ကိုက်ခဲ​နေမည်ကို ​တွေးပူမိ​သော်လည်း မိမိလက်ဖမိုးမှ ​သွေး​တွေကို မြင်လိုက်ရချိန် ထို စိုးရိမ်စိတ်အစား စိတ်ပျက်အားငယ်မှုက အစားထိုးဝင်​ရောက်လာသည် ။

​ဆေးပုလင်းကုန်လို့ ​ဆေးပိုက်ထဲ ​သွေးလိုက်​နေခြင်း ။

ဘယ်ချိန်ကတည်းက ကုန်လို့ ​​သွေးပါ ထွက်​နေရတာလဲ ။

​သေချာ ဂရုစိုက်မ​ပေးဘူး ။ ဒုက္ခခံပြီး ဟန်​ဆောင်ဂရုစိုက်​ပေး​နေမယ့် အစား လုံးဝလှည့်မကြည့်​တော့ရင်​တောင် ခံသာ​ပေဦးမည် ။ အဲ့ဒီလိုဆို အလုပ်သ​ဘောအရ တွဲခဲ့တာပါလို့ ​ဖြေ​တွေးနိုင်​သေး၏ ။

အခုလုပ်ပုံက ချစ်နိုးချစ်နိုး ​မျှော်လင့်ချက်​​လေး​ပေါ်လာလိုက် ​ပျောက်သွားလိုက်နှင့် ခံစားရခက်သည် ။

" ​ဇေခန့်ထည် ! "

" အင်း ... ​ဘော့စ် ​ပြော​လေ "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now