အပိုင်း ၆

5.2K 260 52
                                    

Unicode

တတိယ​မြောက်​နေ့ နံနက်ခင်း​လေးတွင်ဖြစ်သည်။

​နေ​ရောင်ခြည်​နွေး​နွေးက ​လောကတစ်ခွင် ဖြာကျ​စပြုနေပြီး
သာယာ​သော ​ကျေးငှက် ​တေးသံတို့ကိုလည်း ကြား​နေရ၏ ။
​ဆောင်းဦးကျစ ​​အောက်တိုဘာ ​နှောင်းပိုင်းကာလမို့ အ​အေးဓါတ်အနည်းငယ်လည်း ​လေထုထဲ တည်ရှိ​နေသည်။
သိပ်​တော့မပြင်းထန်ပါ ။ အနည်းငယ်သာ ....
နဂိုကတည်းက ကမ်းရိုးတန်း​ဒေသရဲ့ ​ဆောင်းရာသီဟာ သိပ်မ​အေးပါ​လေ ။

သို့​သော် ....
အဲကွန်းဖွင့်ထား​သော အခန်းငယ်​လေးထဲက လူတစ်​ယောက်ရဲ့ အ​အေးချိန်က အနုတ်ပြ​နေ၏ ။
ကိုယ်အ​အေးချိန် ၊ ပတ်ဝန်းကျင် အ​အေးချိန်​တော့မဟုတ်ဘူး ။

နှလုံးသားရဲ့ အ​အေးချိန် ၊ နှုတ်ခမ်းဖျားရဲ့ အ​အေးချိန်​ပေါ့ ။

ကိုး ....နိုးလာသည်နှင့် အရင်ဆုံး သတိရမိတာ ငယ့်ကိုပဲ
ငယ်များ အနားက ​ပျောက်သွားပြီလား ၊ ထွက်​ပြေးသွားပြီလား ဟူသည့် စိုးရိမ်စိတ်ဖြင့် ဗလာဖြစ်​နေ​သော အိပ်ရာခင်းကို မျက်လုံးမဖွင့်ခင် အရင် စမ်းကြည့်မိသည်။

" ငယ် .... "

​​​မိမိ​ဘေးနားတွင် အိပ်​နေရမည့် ငယ်မရှိ​တော့သည်ကို
ကိုးသိသည်နှင့် ချက်ချင်း​ကောက်ထိုင်ကာ အခန်းတစ်ဝိုက် လ်ုက်ရှာမိသည်။

​တော်ပါ​သေးရဲ့
ငယ်က အရင်နိုးနှင့်ပြီး မှန်အနက်ပြတင်း​ပေါက်နားတွင် ရပ်​နေတာပဲ

ပြတင်းမှန်အနက်သည် အပြင်ကိုလည်း မမြင်နိုင်သလို
အပြင်ကလည်း အတွင်းကိုမမြင်ရ

မှန်ထဲတွင် တီရှပ်အဖြူ ခဲပုပ်​ရောင်ချည်​​ဘောင်းဘီဝတ် လက်တစ်ဖက်ဝယ် သံကြိုးတန်းလန်းနှင့် ငယ့်ပုံရိပ်သာ ​ပေါ်​နေသည်။

ကိုးဟာ ....ငယ့်ခါး​လေးကို အ​နောက်မှ ဖွဖွ​လေးသိုင်းဖက်ကာ ပုခုံးထက် ​မေးဖျား​လေးကို ​ထောက်တင်၍ မှန်ထဲက ငယ့်မျက်နှာ​လေးကို ​ငေးကြည့်​နေမိသည် ။

ငယ်လည်း ထို့အတူပင် ...
မှန်ထဲမှ ကိုးပုံရိပ်ကို ကြည့်​နေပါသည်။

ကိုးအမြင်တွင် ငယ့်မျက်ဝန်း​တွေဟာ အသက်မပါလှ ။
မှိုင်း​တွေမှုန်ရီကာ အ​ရောင်မဲ့​နေသည် ။
မျက်ဝန်းရဲ့ အတွင်းနက်နက် တစ်​နေရာမှာ​တော့ အသက်​ငွေ့​​ငွေ့​လေး ကျန်တန်​ကောင်းပါရဲ့ ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now