အပိုင်း ၁

20.7K 797 71
                                    

Unicode

မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ

မင်္ဂလာ​မောင်နှံ​နေရာဝယ် ​"​မောင်တိမ်တိုက်ငယ်" နှင့် " ​မသဲ​လေ​ပြေနှင်း " တဲ့လား ။

တင်းကြပ်ကာ တုန်ရီ​နေ​သော ကိုး လက်ထဲက ပန်းနု​ရောင်ဖိတ်စာ​လေးမှာ အသက်ရှုမ​ဝ​တော့​ချေ ။
အလားတူပင် ကိုးသည်လည်း အသက်​ကောင်း​ကောင်းရှုနိုင်မည် မထင်။

​သွေး​ကြောစိမ်းတို့ အပြိုင်းပြိုင်းထ​နေ​သော အညို​ရောင် လက်တို့ကို ကျစ်ကျစ်ပါ​အောင် ဆုပ်ထားသည်။
မျက်ဆံနက်တို့​ဘေးက ဖြူလွ​သော မျက်သားဖြူတို့​ပေါ်မှာ ​သွေး​ကြောနီတို့ ယှက်ဖြာလျက် ....

နှုတ်ခမ်းသားတို့ကိုလည်း ပြတ်လုမတတ် ဖိကိုက်ထားသည်။

ကိုး ပုံစံက ​ဒေါသထွက်​နေသလိုလို ...

ပါးပြင်​ပေါ်မှာလည်း ​ရေ​နွေးစီး​ကြောင်းတို့နှင့်....
ကိုး.....ဝမ်းလည်းနည်း​နေသည် ။ ​ဒေါသလည်းထွက်​နေသည်။

"အား!!!!!"

စားပွဲ​ပေါ်တွင် သပ်သပ်ရပ်ရပ် စီရီထား​သော စာရွတ်စာတမ်း ၊ စာအုပ်နှင့် စာ​ရေးကိရိယာ​တွေဟာ ကိုးရဲ့ ယူကျုံးမရဖြစ်​နေတဲ့ စိတ်​ကြောင့် ကြမ်းပြင်​ပေါ် ​ပြောင်းထိုင်လိုက်ရသည်။

ထိုမျှမက​သေး ....
ကိုးရဲ့ ထင်ရှားတဲ့ လက်ဆစ်​တွေမှာ​သွေး​တွေ စို့လာသည်ထိ မာ​ကျောတဲ့ အုတ်နံရံကြီးကို တစ်ဘန်းဘန်း ထိုးခွဲ​နေသည် ။

အခန်းငယ်​လေးရဲ့ ပိုင်ရှင်မှာမူ
မည်သည့်အရာကိုမျှ မသိချင်​​တော့သော ပုံစံဖြင့် မျက်လုံးအစုံတို့အား မှိတ်လျက် တည်ငြိမ်စွာ ထိုင်​နေသည်။

" ငယ်....အစ်ကို့ကို လုပ်ရက်တယ်ကွာ "

ကိုးသည် ငယ့်​ရှေ့က စားပွဲ​ပေါ်မှာ လက်နှစ်ဘက်အား ​ထောက်ထားသည် ။

" အစ်ကိုပြန်လာပြီ​လေ
ငယ့်ကို ကတိ​ပေးထားတဲ့အတိုင်း အစ်ကိုပြန်လာပြီ​လေ
ငယ်က ဘာလို့ အခုလို လုပ်ရက်နိုင်ရတာလဲ "

" ငယ် ...အဲမှားလို့
ကျွန်​တော်​ အကြာကြီး​စောင့်​ပေးခဲ့ပြီးပြီ
ဒီထက်မ​စောင့်နိုင်​တော့ဘူး
ကျွန်​တော့်မှာလည်း ကျွန်​တော့်ဘဝရှိ​သေးတယ်
ဒီ​လောက်နဲ့ ကျွန်​တော့်ကို ​မေ့လိုက်ပါ​တော့ ကိုထင်ရာကိုးသ "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် حيث تعيش القصص. اكتشف الآن