အပိုင်း ၄

7.5K 365 69
                                    

Unicode

​နေ​ရောင်​အောက်ဝယ် ​ငွေမှင်​ရောင် မီးခြစ်က တဖျက်ဖျက်လက်​နေသည်။

လမ်း​​ဘေး ဓါတ်တိုင်ကို မှီကာ ခန့်ညားတည်ကြည်​သော မျက်နှာနှင့် လူတစ်ဦး မီးခြစ်ငယ်ကို ​မြှောက်ကစား​နေခြင်း ....

နက်ပြာ​ရောင် ဂျင်းပင် နှင့် တွဲဖက်ကာ ရှုပ်အဖြူလက်ရှည်ကို တံ​တောင်ဆစ်ထိ လိပ်တင်ကာ ဝတ်ဆင်ထားသည် ။
ဖိနပ်နှင့် ခါးပတ်ကိုလည်း country အညို​ရောင် ​ရွေးချယ်ထားသည်ကို ကြည့်လျှင် ဖက်ရှင်အမြင် ရှိသူဆိုသည်မှာ သိသာလှ၏ ။

အသားအ​ရေမှာ​တော့ မဖြူ​ပေမယ့် ညက်​ညောလှသည့် အလယ်အလတ် အ​သွေးအ​ရောင်နှင့် ...
ဆံပင်မှာလည်း ခပ်တိုတို ညှပ်ထားသည့်အပြင် ဂျယ်လ်သုံးပြီး သပ်ရပ်စွာ ဖြီးသင်ထားသည်။

အရပ်က 1.8m ​လောက်မြင့်ပြီး ကိုယ်လုံးကိုယ်​ပေါက်မှာ အားကစားလိုက်စားမှန်း သိ​သာ​အောင် ​တောင့်တင်းကျစ်လျစ်လှသည်။

တစ်ကိုယ်လုံးကို ခြုံငုံကြည့်​သော်
သပ်ရပ်​ကြော့ရှင်း​နေပြီး လူကြီးလူ​ကောင်းဆန်စွာ လှပ၏ ။

သူ့အ​ရှေ့တွင်
အပြာ​ရောင် Honda CBR တစ်စီးရပ်ထားသည်
လက်တစ်ဖက်တွင် Helmet ကိုင်ထားသည်ကို ​ထောက်ရှု​သော် ထိုဆိုင်ကယ်မှာ သူ့ဆိုင်ကယ်ပင် ဖြစ်လိမ့်မည်။

သူ့အကြည့်​တွေက တစ်ဖက်လမ်းက စတိုးဆိုင်​ပေါ်တွင်သာ
တိတိကျကျ​ပြောရရင် စတိုးဆိုင်မှာ ချိတ်ထားသည့် ဘဲရုပ်ဝါဝါနှင့် ဟူဒီအဖြူ​လေး​ပေါ်တွင်​ပေါ့ ။

" မရ​တော့ဘူး
မဝယ်ရင် ​​နောင်တရ​နေမယ်
ဝယ်လိုက်​တော့မယ် "

သူဟာ ကုန်ကား​တွေနဲ့ express ကား​တွေရှုပ်​ထွေး​နေသည့်
အနက်​ရောင်လမ်းမ တစ်ဖက်သို့ ခပ်သုတ်သုတ်​လေး ကူးသွားသည် ။

သူဟာ အရုပ်မှာဝတ်ထားသည့် အင်္ကျီ​လေးကိုင်ကာ ဆိုင်ရှင်ကို ​ခေါ်မလို့ ပြင်ဆင်လိုက်ချိန် ...
သူ့နည်းတူ ထိုအင်္ကျီကို လာကိုင်သည့် အဖြူ​ရောင် လက်တစ်ဖက်ကို မြင်လိုက်ရသည်။

လက်ပိုင်ရှင်မှာ အဖြူ​ရောင်ဟူဒီနှင့် ပုပု​သေး​​သေး ​ကောင်​လေးတစ်​ယောက်

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now