အပိုင်း ၅၉

2.5K 100 13
                                    

( Warning - Suicide )

တစ်ကိုယ်လုံးနာကျင်​နေ၍ အိပ်ရာထဲမှာ လှဲ​နေခဲ့ရတာ တစ်ပတ်နီးနီးရှိပြီ ။ ဒီထက်ပိုပြီး လှဲမ​နေနိုင်​တော့တာ​ကြောင့် အိပ်ခန်းအပြင်သို့ ကိုယ့်ဖာသာ လမ်း​လျှောက်ထွက်ခဲ့လိုက်သည် ။ ​ရေ​သောက်ရန် မီးဖိုခန်းထဲဝင်သွားချိန် ​ဘော့စ်ရှိ​နေ၏ ။ ​အေပရွန်ပန်း​ရောင်ကိုဝတ်ကာ တစ်ခုခု ချက်ပြုတ်​နေသည်​လေ ။

" ဘယ်လို​နေ​သေးလဲ "

" သက်သာပါပြီ "

" ပြီး​ရော "

" ​ဘော့စ် ..... ဘာလို့ ကိုယ်တိုင်ချက်​နေတာလဲ
ကိုတိမ်တိုက် အတွက်လား "

" ဖြစ်စရာလား ...ငယ်က အိမ်မှာမရှိဘူး​လေ
ဒါက မင်းအတွက် ဆန်ပြုတ်ပြုတ်​နေတာ "

" ဗျာ ..... ကျွန် ... ကျွန်​တော့်တွက် .... "

မိမိတွက် ဆန်ပြုတ်ပြုတ်​ပေး​နေတဲ့ ​ဘော့စ်ကိုကြည့်ပြီးဘခန့်ထည် မျက်ရည်​တွေပါ ​ဝေ့သီလာမိသည် ။ ဘယ်လိုပဲဖြစ်ဖြစ် ​ဘော့စ်လက်ထဲ​သေမှာပဲလို့ တွက်ထားတာ မသတ်သည့်အပြင် အခုလိုမျိုး ဂရုစိုက်​ပေးလိမ့်မည်ဟု ​တွေး​တောင် မ​တွေးဖူးဘူး ။ သတိပြန်လည်ခါစကဆို ​သေပြီး parallel universe ကိုများ​ရောက်သွား​လေသလား သံသယဝင်မိခဲ့၏ ။

" ဘာလဲ ​ပျော်လို့ မျက်ရည်​​တွေပါ ဝဲလာတာလား
ခန့်ထည် .... မင်းက ငါ့အတွက် ညီ​လေးအရင်းလိုပါပဲ
မဆင်မ​ခြေ သတ်ပစ်လိုက်မယ်လို့ ထင်ထားတာလား "

" အီးဟီးဟီး .... "

​ပြောခါမှ အသံဗြဲကြီးနဲ့ ​အော်ငိုလာသတဲ့ ။
ဒီပုံစံနဲ့ မူးယစ်ရာဇာပါလို့ ​ပြောရင် ဘယ်သူက ယုံမတုန်း ။

" ပိတ်မကန်ခင် အငိုတိတ်လိုက်​​နော် "

" အီးဟီးဟီး ..... "

" ပိုဆိုးလာပြီ ...... ဆန်ပြုတ်အိုးနဲ့ ​ခေါင်းကို စွပ်ထည့်လိုက်ရမလား "

" အင်း ... ​ကောင်းတယ်
အဲ့လိုလုပ်လိုက် .... ဆန်ပြုတ်မစားချင်ဘူး အီးဟီးဟီး .... "

" ဟိုက် .... ဆန်ပြုတ်မစားချင်လို့ ​ငို​နေတာလား "

" အင်း .... ကျွန်​တော် ဘာမှမဖြစ်​တော့တာကို
အခု​နေ တိုက်ခိုက်လို့​တောင် ရ​နေပြီ
ဆန်ပြုတ်​တော့ မလုပ်နဲ့​တော့​နော် ....
ဆန်ပြုတ်ပဲ ​သောက်​နေရလို့ အီးပါရင်​တောင် အဖြူရည်ပဲ ထွက်​တော့တယ် "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now