အပိုင်း ၂

13.5K 674 49
                                    

Unicode

အထက်လမ်းမကြီးတစ်​လျှောက် တစ်​ရွေ့​ရွေ့သွား​နေသည့် Honda fit အဖြူ​ရောင်​လေးရဲ့ ​နောက်၀ယ် နံပါတ်မြင့် Alphard အနက်​ရောင်တစ်စီးက ထပ်ကြပ်ကွာ လိုက်​နေသည် ။

ကားနှစ်စီး​​ပေါ်မှ လူနှစ်​ယောက်ရဲ့ နှလုံးသားတစ်စုံသည် ​လောင်ကျွမ်းလျက် ရှိ၏။

​ဗေဒါ​ရောင် အ​နောက်တိုင်းဝတ်စုံနှင့် သတို့သား​​လောင်း​လေးရဲ့မျက်နှာမှာ
သတို့သားဟူ​သော စကားရပ်နှင့် ​သွေဖယ်လျက်
ပြို​တော့မည့် မိုးကဲ့သို့ ညို​မှောင်ရီ​ရောင်သန်း​နေသည်။

ငယ်​​လေ ဖြစ်နိုင်ရင်
အစ်ကို့ရင်ခွင်ထဲကို​ ပြေးသွားချင်လိုက်တာ

ထိုနည်းတူ....
အနက်​ရောင်ကား​ပေါ်မှ ကိုး မျက်နှာကလည်း
လျှပ်စီး​ကြောင်း​တွေ တ၀င်း၀င်းထ​နေသည့် ​မုန်တိုင်း​ကောင်းကင်ကြီးနှယ်

' ငယ့်ကို ဘယ်သူ့လက်ထဲကိုမှ ထည့်မ​ပေးနိုင်ဘူး
အစ်ကို ငယ့်ကို မရရ​အောင် အစ်ကို့နား ထားမှာ '

" ​ဘောစ့်ဗျ .....​
ဘော့စ်​ကောင်​လေး မင်္ဂလာ​ဆောင်မယ့်​ဟိုတယ်က ကမ်းနားလမ်းမှာပါ​နော်
​ဖြောင့်​ဖြောင့်တန်းတန်းသွားလည်း ရသားနဲ့
ဘာလို့လိုက်ပတ်​နေတာလဲမသိ
သူ့​နောက်လိုက်​နေရတာ တစ်မြို့လုံးလည်း နှံ့​နေပြီ "

" လိုက်စရာရှိတာလိုက်
သူများကို အပြစ်မ​ပြောနဲ့
ကြားလား ​ဟေ့​ကောင်
ငါ ​ပျော်​နေတာမဟုတ်ဘူး​ "

​ဘော့စ်ရဲ့ ဆူ​ငေါက်မှုကိုခံလိုက်ရ​သောအခါမှ ​ဇေခန့်ထည် မ​ပြောသင့်တာကို ​ပြောမိမှန်း အသိဝင်​တော့သည် ။
​ဘော့စ်ချစ်သူကို အပြစ်ဆိုမိခြင်းသည် မိမိ ထမင်းအိုး မိမိခွဲတာနဲ့ ထပ်တူညီမှန်း ​သိ​သော်လည်း စည်းမရှိ​သောပါးစပ်က အလိုလို​ပြောမိခြင်းသာ

"​တောင်းပန်ပါတယ် ​​ဘော့စ်"

​ရှေ့မှကားဖြူ​လေးမှာ အထက်လမ်းမကြီးအတိုင်း သွား​နေရာက​နေ ဘုန်းကြီး​ကျောင်းနှင့် ​အထက်တန်း​ကျောင်းသာ ရှိသည့် ပန်းပဲတန်းလမ်းအတွင်းသို့ ​ကွေ့ဝင်သွားသည်။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now