အပိုင်း ၃၄

1.6K 87 13
                                    

Unicode

​ပြောင်လက်​တောက်ပ​နေ​သော ​ရွှေဝါ​ရောင် ကျွန်း ပါ​ကေး​ခင်း​​ပေါ်တွင် ညစ်​ပေ​နေသည့် ​ခြေဖမိုးညိုညိုတို့က မလိုက်ဖက်စွာ ​လျှောက်လှမ်း​နေသည် ။ အိမ်ကြီးတွင် အလှဆင်ထား​သော မီးဆိုင်းမီးတွဲ​တွေနဲ့ နံရံ​ပေါ်က လက်ရာ​မြောက် ပန်းချီကားချပ်များအ​ကြောင်းကို ကိုး မသိပါ ။ သို့​သော် ထိုအရာများက ​အဖိုးတန်မှန်း​တော့ သိပါ၏ ။

​ပြောင်လက်​နေ​​သော ကြမ်းခင်း​တို့ကို မရဲတရဲနင်းရင်း ​ဘေးပတ်ပတ်လည်ကိုလည်း အထိခိုက်မရှိ​အောင် သတိထား​နေရသည် ။ တ်မ်တိုက်ငယ်ရဲ့ မိခင်ဆိုသူက မှာလိုက်သည်မဟုတ်လား ။

' လိုက်မပို့​တော့ဘူး
ကိုယ့်ဘာသာ အဆင်​ပြေသလိုပြန်လိုက်ပါ သား
အာ ..... ဘာ ပစ္စည်းမှ​တော့ မထိခိုက်​စေနဲ့
မင်း မ​လျော်နိုင်ဘူး ' တဲ့​​လေ ။

အဟက် .... ဒီပစ္စည်း​တွေထက် ၁၀ဆသာ ၀ယ်နိုင်တဲ့တစ်​နေ့
တစ်စစီဖြစ်​အောင် ဖျက်ဆီးပစ်မယ်

အ​ပေါ်ယံ စိတ်ထဲမှာသာ ထိုသို့ ကြုံးဝါး​နေ​ပေမယ့် အနက်ရှိုင်းဆုံး စိတ်ထဲမှာ​တော့ အားငယ်စိတ်နဲ့ အတူ ငယ်နဲ့မိမိ လိုက်ဖက်ရဲ့လား ဆိုသည့် အ​တွေးမျိုးဖြင့် ပြည့်နှက်နေ၏ ။

ငယ်က ​ကောင်းကင်​ပေါ်မှ ကြယ်က​လေး ။
မိမိမှာ မိုင်သန်း​​ပေါင်းများစွာ ကွာ​ဝေးသည့် ​မြေပြင်​ပေါ်မှ ကြယ်​မျှော်သူ က​လေးငယ်တစ်ဦး ။

က​​​လေး​လေးသည်
တစ်ဖျက်ဖျက်လက်​နေ​သော ကြယ်က​လေးကို လိုချင်ပါ၏ ။

ထို့​ကြောင့် သူ့လက်​သေး​သေး​လေးကို
ဆန့်ထုတ်၍ ကြယ်က​လေးကို ကိုင်ကြည့်သည် ။

အနည်းငယ် နီးကပ်သွားရုံမှတစ်ပါး
မိုင်သန်း​​ပေါင်းများစွာကို မ​​ကျော်ဖြတ်နိုင်ပါ ။

×××××

​​ခေါင်းကို ငုံ့ထား​သော​ကြောင့် မိမိ၏ ​လေးလံ​သော ​ခြေလှမ်းတို့ကို မြင်​နေရသည် ။ ထို​ခြေလှမ်းတို့ထက် နှလုံးသားရှိ အစိုင်အခဲက ပိုမို​လေးလံ​နေ​လေရဲ့ ။

' တီ ....တီ .... တီ ..... '

အနက်​ရောင်လွယ် အိတ်ထဲမှ တစ်တီတီ မြည်​နေ​သော ဖုန်း ringtone သံကိုလည်း မကြားနိုင်​တော့ပါ ။ ​ခေါင်းထဲမှာ ​ခက်ခဲ​သော အ​တွေးအချို့က ​နေရာယူ​နေပြီမို့​လေ ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now