အပိုင်း ၃

10.1K 457 68
                                    

Unicode

အချစ်ဟူသည်
စက္ကန့်ပိုင်း​လေးအတွင်း
ဖြစ်တည်လာနိုင်သည်ဟု
​ပြောရင် ယုံမလား ။

သူ....​တောက်​တောက်ပပ ပြုံးလိုက်ချိန်မှာလား
သူ.... လွတ်လွတ်လပ်လပ် လှုပ်ရှားလိုက်ချိန်မှာလား
သူ.... ​လေနု​အေး​လေးကို ရှုရှိက်​နေချိန်မှာများလား

တင်္ဒဂ အချိန်ငယ်​လေးအတွင်း
လူတစ်​ယောက်ကို ထာဝရ
ချစ်မိသွားနိုင်သည် ။

.
.
.

" အစ်ကို "

"အင်း ...ဘာလဲ​ပြော "

" အ​ပြေးပြိုင်ရ​အောင်လား "

" က​လေးကလားနဲ့ မပြိုင်ချင်ပါဘူး "

" မသိဘူး ...မသိဘူး
ပြိုင်မှာပဲ
ဒီက​နေ Library Cafè ထိပဲ​လေ "

" ပြိုင်လို့ ငါ မင်းကိုနိုင်ရင် ငါက ဘာရမှာလဲ "

" အစ်ကို့ ဆန္ဒတစ်ခုကို လိုက်​လျော​ပေးမယ်​လေ
ကျွန်​တော် နိုင်ရင်​တော့ ကျွန်​တော့်ဆန္ဒကို ဖြည့်ဆည်း​ပေး "

အသက် ၁၇နှစ် အရွယ် ​ကောင်​လေးရဲ့ အ​ပေးအယူ​ကို ၂၂အရွယ် ​ကောင်​လေးကလည်း သ​ဘောကျသွားသည်။
အကြံတစ်ချို့ ကြံစည်ကာ ပြိုင်ပွဲကို သ​ဘောတူလိုက်၏။
နှစ်ဦးစလုံးရဲ့ စိတ်ထဲဝယ် အကြံ​တွေနှင့်​ပေါ့ ။

"ရယ်ဒီ.... ဝမ်း ...တူး...."

အမှတ်စဥ် ၂အထိသာ ​ရေရ​သေး​သော်လည်း ​လေထဲ​မြောသွားတဲ့ တိမ်စိုင်​လေးလို ငယ်​ အရင် ပြေးထွက်သွားသည်။

ပြီးမှ ...

" သရီး " တဲ့ ။

" မင်း မညစ်နဲ့​လေ "

ကိုးသည် အရင်​ပြေးထွက်သွား​သော ငယ့်​နောက်မှ ပြေးလိုက်၏ ။
တင်္ဒဂအချိန်​လေးအတွင်း ငယ့်ကို မှီရုံသာမက ​ကျော်တက်ကာ ပန်းတိုင်သို့အရင်​ရောက်သွားသည်။

" ငါ နိုင်တယ်​နော် "

" အင်းပါ ....ကျွန်​တော် ရှုံးပါတယ်
ဘယ်လို​​တောင် မြန်တာလဲ မသိ "

" ငါ့ ဆန္ဒကို ​ပြောမယ်
မင်း ဖြည့်ဆည်း​ပေးနိုင်မနိုင်​တော့ မသိဘူး "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Opowieści tętniące życiem. Odkryj je teraz