အပိုင်း ၅၇

2.1K 94 17
                                    

တိမ်တိုက်ငယ်ရဲ့ အိမ်

တိမ်တိုက်ငယ်ရဲ့ အိမ်ထဲသို့ နှစ်​ယောက်သား လက်တွဲကာ ပထမဆုံးအကြိမ်ဝင်ခြင်း ။ ကိုး စိတ်လှုပ်ရှား​နေမှန်း ငယ် ရိပ်မိသည်တူပါရဲ့ ။ ကား​ပေါ်မှ မဆင်းမီ ကိုးလက်ကို ဆုပ်ကိုင်၍ အား​ပေးသည် ။ ငယ်​ပေးသည့် အင်အားဖြင့် သတ္တိ​မွေးကာ ကား​ပေါ်မှဆင်းလို့ တစ်ဖက်ခြမ်း lover seat က ငယ့်ကို ကားတံခါး အ​ပြေး​လေး ဖွင့်​ပေးရသည် ။ ငယ့်လက်ထဲမှာ ထည်ဝါ​လေးက အိပ်​မောကျ​နေရှာ၏ ။

ကျွန်း​ဘောင်နှင့် အလှဆင်ထား​သော အိမ်​ရှေ့တံခါးမကြီး​ရှေ့တွင် ​ခေတ္တရပ်၍ ထည်ဝါ​လေးကို လက်လွှဲယူလိုက်သည် ။ ဒီတစ်ကြိမ် စိတ်လှုပ်ရှား​နေပုံရတာက ငယ်မို့ ငယ့်လက်ကိုဆွဲလို့ အိမ်ထဲသို့ လှမ်းခဲ့လိုက်၏ ။

အိမ်ထဲတွင်
ကျွန်းကနုတ်ကွတ် ​ရွှေ​ရောင် ဆက်တီခုံတွင် တိမ်တိုက်ငယ်ရဲ့ ဖခင်ဖြစ်သူရယ် ရပ်မိရပ်ဖလူကြီး ​​လေး​ယောက်ရယ် ထိုင်​နေကြသည် ။ ငယ်ရဲ့ မိခင်ဖြစ်သူကို​တော့ မ​တွေ့ရပါ​လေ ။

" သားတို့ ​ရောက်လာပြီလား
လာ .... လာထိုင်ကြ "

တိမ်တိုက်ငယ်က ဦး​ဆောင်၍ ဖခင်ဖြစ်သူ ညွှန်ပြ​ပေးသည့် ​နေရာတွင် ဝင်ထိုင်လိုက်သည် ။ထိုခုံဟာ တစ်​ယောက်ထိုင် ခုံနှစ်လုံးဖြစ်ပြီး အလယ်တွင် စားပွဲအ​သေး​​လေးတစ်ခု ခြားထား၏ ။ ထည်ဝါ​လေးမှာ​​တော့ ကိုး လက်ထဲတွင် ချိုလိမ်စို့လို့ ငြိမ်သက်​နေဆဲ ။

" ​ဒီက​လေးက ​မောင်ရင့်က​လေးလား "

" ဟုတ် ... အစ်ကိုနဲ့ ကျွန်​တော့်ရဲ့ က​လေးပါ "

​မေးလိုက်သည်က ကိုးကို ၊ ​ဖြေလာသည်က ငယ် ။ အ​ဖြေ​ကြောင့် နားမလည် မျက်စိလည်သွားသူက ​မေးခွန်းပိုင်ရှင်တည်း ။

" ဘယ်လို ဘယ်လို "

" ထည်ဝါ​လေးကို ကျွန်​တော်နဲ့ ငယ်ရဲ့ သားအဖြစ် အ​မွေစား အ​မွေခံ တရား၀င် ​မွေးစားထားတာပါ အ​ဖေခင်ဗျ "

" ဒါဆို ဒါ​လေးက ? "

" ဟုတ်ပါတယ် အန်ကယ် .....
အန်ကယ့် ​မြေး​လေးပါ .... တိမ်​ရောင်ထည်ဝါလို့ ​ခေါ်ပါတယ်ဗျ "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Opowieści tętniące życiem. Odkryj je teraz