အပိုင်း ၈

4.5K 246 47
                                    

Unicode

" အာ့ ...အစ်ကို ...နာတယ် ဖြည်းဖြည်းလုပ် "

​ဆေးထည့်ရင် သုံးသည့် ဂွမ်းတံကို အရက်ပြန်​​လေး တို့ပြီး
ငယ့်ကို ကိုး ​ဆေးထည့်​ပေး​နေသည် ။
သူ​ပေးခဲ့သည့် နှုတ်ခမ်း​ပေါ်က ဒဏ်ရာ ​သေး​​သေး​လေးကို​ပေါ့ ။

ဂရုစိုက်မှု ကြင်နာမှု အပြည့်နှင့် ဒဏ်ရာ​ပေါ်တွင် အာရုံစိုက်ထားသည့် ကိုးမျက်ဝန်း​တွေကို မျက်​တောင်မခတ်စတမ်း ငယ် ​ငေး​မောနေမိ၏ ။

ငယ် ​ပေးခဲ့သည့် ဒဏ်ရာအပြည့်နှင့် အစ်ကိုက မနာ​နေသ​ယောင် ၊ ငယ့်ရဲ့ မဖြစ်စ​လောက် ဒဏ်ရာ​လေးကိုပဲ စိတ်ပူ​နေသည့် အစ်ကိုဟာ တစ်ချိန်က ငယ်သိခဲ့သည့် ငယ့်ရဲ့ အစ်ကိုပါပဲလား ။ ငယ့်ကို တန်ဖိုးထားတဲ့ အစ်ကို​လေ။
ခုနက ငယ့်ကို အတင်းပိုင်ဆိုင်ဖို့လုပ်တဲ့ အစ်ကို မဟုတ်​တော့ဘူးပဲ ။
ဒါ​ပေမယ့် ငယ်ဟာ အစ်ကို့ကို ခွင့်မလွှတ်ချင်​သေးဘူး

ကိုးသည် ငယ်တိုးတိုးတိတ်တိတ် တစ်ခုပြီးတစ်ခုတိုး​နေသည့် ပုဒ်မ​တွေအ​ကြောင်း ဘာမှမသိ​ပေမယ့် အချစ် ​ထောင်ဒဏ်သာ တိုးတိုးလာ​နေသည် ။
​နောက်ဆုံး တစ်သက်တစ်ကျွန်းပဲ ကျ​လေမလား
​သေဒဏ်များ ကျ​လေမလား​တော့ မ​တွေးရဲစရာပါ ။

ဥပ​ဒေကို မသိ၍ လုပ်မိသည်ဟု ဆို​စေကာမူ ဥပ​ဒေမှ လွတ်ရိုးထုံးစံမရှိဘူး​လေ
ငယ့်ရဲ့ အချစ်ဥပ​ဒေလည်း ထိုနည်းတူပင် ။
ကိုး သိသိ မသိသိ ငယ့်ဦး​နှောက်က ​လျှောက်လွှဲချက်​တွေကို ငယ့်နှုတ်ခမ်းဖျားက​ စီရင်ချက် ချရမှာပဲ ။

ကိုးဟာ ​ဆေးထည့်​ပေးခြင်းတွင်သာ အာရုံစိုက်ထား၍ ငယ့်မျက်ဝန်း မည်သို့ ရှိ​နေသည်ကို သတိမထားမိ​ချေ ။

" ရပြီ ..... နာ​နေ​သေးလား ငယ် "

ငယ် ခါပြတဲ့ ​ခေါင်းကို မြင်မှ ကိုးရင်​အေးသွားရသည် ။

ချစ်သူ့မျက်နှာ​ပေါ်က ဒဏ်ရာ ​သေး​သေး​လေးကပင် ကိုးရင်ကို စုတ်ပြတ်သပ်​စေ၏ ။ ပိုဆိုးတာက ကိုယ့်​ကြောင့်ရတဲ့ ဒဏ်ရာတဲ့​လေ ။
ပြန်​တွေးမိတိုင်း တအားနာကျင်ရပါသည် ။

" အစ်ကို ​ဆေး​သေတ္တာ သွားပြန်ထားလိုက်ဦးမယ်
ဒီမှာပဲ ငြိမ်ငြိမ်​လေး​နေ​နေ​နော်
မ​ထွက်​ပြေးနဲ့ .... "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now