အပိုင်း ၃၈

1.7K 88 7
                                    

Unicode

အပြာ​ရောင် စတစ်ကာ အ​မြောက်အမြားနှင့် လပ်​တော့ကီးဘုတ်​ပေါ်တွင် တိတိပပလက်သည်းညှပ်ထား​​သော လက်​ချောင်းရှည်ရှည်များသည် မရပ်နားတန်း ​ပြေးလွှား​နေသည် ။ အတိုအရှည်မညီညာသည့် ကုတ်ဝဲ ဆံပင်ကို ရသ​လောက် စုစည်းထား​​သော်လည်း ဟိုတစ်စဒီတစ်စကျကာ ပွ​ယောင်းလျက် ။

Screen ​​ပေါ်တွင် စာလုံးများ လျင်မြန်စွာ ​များပြားလာသည် ။
အဆက်မပြတ် များပြား​နေရာမှ ထိုလက်​ချောင်းတို့ ရုတ်တရက် ရပ်တန့်သွားသည် ။ လက်​ချောင်းပိုင်ရှင် မိန်းက​လေးက သူ့​ဘေးတွင် ဖုန်းသုံး​နေ​သော ​ယောကျာ်း​တစ်​ယောက်ထံ အကြည့်ပို့၍

" နင် သူ့ကိုမုန်းသလား " ဟု ​မေး၏ ။

ထိုအခါ ထို​ယောကျာ်းက

" မုန်းတယ် " တဲ့ ။

" ဒါဆို နင် သူ့ကို မချစ်​တော့ဘူးလား "

" ချစ်တာ​ပေါ့
သူ့ကို ချစ်လွန်းလို့ မုန်းမိတာ "

" ဘယ်လို ? "

" အဟမ့် ... နင်လည်း အိမ်​ထောင်ကျတာကြာပြီ
အခုထိ က​​လေးမယူကြ​သေးဘူးလား
အသက်ဖြင့် ၃၀ ​​ရောက်​နေပြီ
အသက်ကြီးမှ က​လေး​မွေးရင် မ​ကောင်းဘူး​နော် "

တိမ်တိုက်ငယ် မ​ဖြေချင်၍ စကားလွှဲမှန်း သာကီသိတာ​ပေါ့ ။
ခဏ​လောက်ဖြစ်ဖြစ် သူ့​စကား​နောက်လိုက်​ပြောပြီးမှ ကိုယ့်ဘက်ပြန်ဆွဲ​ခေါ်ကြတာ​ပေါ့ ။

" ငါတို့ ၂​ယောက်လုံးက မိန်းက​လေး​တွေ​လေ
ဘယ်လိုလုပ် က​လေးယူရမှာလဲ
​မွေးစားဖို့​တော့ အစီအစဥ်ရှိတယ် "

" နင်တို့က မိန်းက​လေး​တွေမို့ က​လေးယူဖို့​ပြောတာ​ပေါ့ကွ
သုတ်ပိုးအလှူခံပြီး နင်တို့၂​ယောက်ထဲ တစ်​ယောက်​ယောက် ဗိုက်မှာ သ​န္ဓေ​ပေးတည်​လေ ။ ​မွေးစားတာထက် ပိုမ​ကောင်းဘူးလား "

" ပို​ကောင်းတာမှန်​ပေမယ့် ငါက ချယ်ရီပင်ပန်းမှာဆိုးလို့ ​ပေးမယူ​စေချင်ဘူး ။
ငါ​ဆောင်မယ်ဆိုလည်း ချယ်ရီ လက်ခံမှာမဟုတ်ဘူး "

" ဘာဖြစ်လို့ "

" ချစ်လို့​​​ပေါ့ဟဲ့
နင်လည်း ကိုကိုးသကို သိပ်ချစ်တာပဲ နားလည်မှာ​ပေါ့
ကိုယ်ချစ်တဲ့သူ ပင်ပန်းရမှာ နာကျင်ရမှာ ဘယ်မြင်ချင်ပါ့မလဲ "

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Kde žijí příběhy. Začni objevovat