အပိုင်း ၄၇

1.8K 88 7
                                    

' တူ...တူ....တူ... '

" ​ဟယ်- "

" ငယ့်ကို ဖုန်း​​ပေးလိုက် "

သက်ပိုင်ခင်မျာ ဟယ်လိုလို့ပင် ပီပီပြင်ပြင် မထူးရ​သေး ။ သူ​ဌေးထံမှ အမိန့်ရတာ​ကြောင့် အိမ်သန့်ရှင်း​ရေးလုပ်ရင်း တန်းလန်းနဲ့ သူများချစ်သူရှိရာ အိမ်​ပေါ်ထပ် ​ပြေးတက်ခဲ့ရပြန်သည် ။

' ​ဒေါက် ...​ဒေါက် '

တံခါး ၂ချက်​ခေါက်အပြီး ချက်ချင်း တံခါးလာဖွင့်​သော သူ့ထံ ဖုန်းကို​ပေးထားကာ အိမ်​အောက်ထပ် ပြန်ဆင်းလာခဲ့လိုက်သည် ။ သူများ ro ကြမှာ နားမ​ထောင်ချင်ဘူး​​လေ ။ မတည့်​တော့လည်း ချကြသတ်ကြ ။ တည့်ပြန်​တော့လည်း တည့်​နေ​​ရော ။ အဟွန့် ။

" ဟင်နရီ !? "

ဟုတ်သည် ။ ဟင်နရီ ။
သူ​ဌေးရဲ့ အလုပ်ခန်းထဲက ဖိုင်တစ်ခုကိုင်ကာ ထွက်လာသူမှာ ဟင်နရီမှ ဟင်နရီအစစ် ။ သက်ပိုင် ခပ်လှမ်းလှမ်း အ​ခြေအ​နေဖြစ်​နေတာ​ကြောင့်ရယ် ဟင်နရီက ခပ်​လော​လော သွားလိုက်တာ​ကြောင့်ရယ် လှမ်း​ခေါ် မ​မေးဖြစ်လိုက်​တော့ပါ ။ သူ​ဌေးက တစ်ခုခု ခိုင်းလိုက်သည်ဖြစ်မည်ဟုသာ မှတ်ယူထားလိုက်၏ ။

××××××××××××××××××××××××××××

" ဟယ်လို ... ငယ် ​
​ဆောရီးကွာ ... ခုနက အစ်ကို ဖုန်း​ပြောရင်းတန်းလန်းကို ​မေ့ပြီး ဒီလှိုင်းဦးနဲ့ပဲ စကား​​ပြော​နေမိလို့ "

" အင်း ... ငယ်ကြားတယ်
အစ်ကို နဲ့ ဒီလှိုင်းဦး အ​​ခြေအ​နေကို "

" အဲ့ဒါက​လေ .... "

" ဟင့်အင်း ... ငယ် မ​မေး​တော့ဘူး
အစ်ကိုတို့​လောက က ဒီလိုပဲမဟုတ်ဘူးလား
ထားပါ .... တခြားကိစ္စ​ပြောရ​အောင် "

" အင်း ... "

စိတ်ညစ်စရာ​တွေ ​ဘေးဘီအ​ကြောင်းအရာ​တွေ မ​တွေးချင်​တော့ပါ ။ အစ်ကို့ကို အပြစ်ရှာပြီး စိတ်ဆိုးစိတ်​ကောက် ဆူပူကြိမ်း​မောင်းတာမျိုးလည်း မလုပ်ချင်​တော့ပါ ။ အ​နှေးနဲ့ အမြန် အထဲ​ရောက်ခါနီး​နေတဲ့ အစ်ကို့နားမှာ အချစ်အ​ကြောင်းပဲ ​တွေးပြီး ​နေ​တော့မည် ။ ဒီလှိုင်းဦး ကိစ္စကို စိတ်ထဲမ​ကောင်း​ပေမယ့်လည်း ​ကျော်လိုက်​တော့ပါမည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now