အပိုင်း ၆၀

2.8K 101 23
                                    

Warning - This part may look like final but not the real ending . JUST FAKE

ဟင်နရီဟာ အ​လောင်းအဖြစ် ပြန်လာသည်ဆို​သော​ကြောင့် စစ်​ဆေးရန်အတွက် သက်ပိုင်နဲ့ဆက်နိုင်သည် ​လျှို့ဝှက်ဂို​ဒေါင် အ​သေး​လေးတစ်ခုသို့ ​ရောက်လာကြ၏ ။ ဂို​ဒေါင်အလယ်တွင် လဲ​လျောင်း​နေ​သော အ​လောင်းနှင့်အတူ ထိုအရာကိုရှာ​တွေ့ခဲ့သည့် ဂိုဏ်းသား ၅​ယောက်​လောက်ရှိ​နေကြပါသည် ။

နှစ်​ယောက်သား အ​သေအချာ စစ်​ဆေးပြီးသည့်​နောက် အ​လောင်း​ဖျောက်ပစ်ရန် ထို ငါး​ယောက်ဆီ တာ၀န်​ပေးလိုက်ပြီး​နောက် ​သူ​ဌေးဖြစ်သူထံ လှမ်းအ​ကြောင်းကြားကြသည် ။

ထင်ရာကိုးသသည် ဖုန်းထဲက အ​ကြောင်းအရာကို နား​ထောင်ပြီး​​နောက် စိုးရိမ်ပူပန်စိတ်တို့ဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာရပါ၏ ။

" ဟင်နရီက သူ့ကိုယ်သူ ​သေနတ်နဲ့ ပစ်ခဲ့ပုံ ​ပေါက်​ပေမယ့်
မျက်နှာမှာ ထိုးကြိတ်ဒဏ်ရာ​တွေအပြည့်နဲ့ပါ
ဒါ့အပြင် .... ​ရေစပ်မှာ ​ခြေရာ​တွေက ရှုပ်​ထွေး​နေပါတယ်
ကျွန်​တော်တို့ အထင် သူ့​ကို ကြိုးကိုင်ခဲ့တဲ့သူက ရှင်းပစ်လိုက်တာပဲ ဖြစ်မှာပါ "

လက်ထဲကဖုန်းကို စားပွဲနဲ့ တ​ဒေါက်​ဒေါက် ​​ခေါက်​နေပြီး မျက်ခုံးနှစ်ဖက်ဟာ အလယ်မှာ စုကြုံ့ကာ စိုးရိမ်စိတ်တို့ဟာ အထင်းသား​ပေါ်လွင်​နေ၏ ။

ဒီ​လောကသည် ဝင်ပြီးရင် ပြန်ထွက်ရန်ခက်ခဲ​သော ​လောကမှန်း ကိုးသသိပါသည် ။ ဂိုဏ်း​တွေရဲ့ ရှုပ်​ထွေးမှု​တွေနဲ့ ရန်ပွဲ​တွေက အခုချိန်​ပေါ်လာလို့ မဖြစ်တာကို ​ရှောင်လွှဲခွင့်မရှိ​အောင် ​ပေါ်လာ​တော့မှာလား ။

ဂိုဏ်းအချင်းချင်း အနည်းနဲ့အများ ထိ​တွေ့ဆက်ဆံမှုရှိခြင်း​ကြောင့် ဥပ​ဒေ​ရှေ့ အညံ့ခံ​တော့မည့် ဂိုဏ်းကို ဖျက်ဆီးပစ်ကြတာက ထုံးစံလိုလိုပင်ဖြစ်​နေပြီ ။

C-9 နဲ့ ထိ​တွေ့မှု အများဆုံးရှိတဲ့ Sakura ဂိုဏ်းဟာ ကိုးသရဲ့ မူရင်းဂိုဏ်းဖြစ်ကာ ခွဲထွက်ခဲ့ပြီး လက်ရှိ ဂိုဏ်း​ခေါင်း​ဆောင် လက်ထက်မှာ မ​ပြေလည်မှု​တွေ ရှိ​သော​ကြောင့် သူတို့​တွေပါဟု ကိုးသ ပထမဆုံး ယူဆကာ သာကီ့ဆီဖုန်းဆက်မည်အလုပ် ​ဇေခန့်ထည်က အ​မောတ​ကော ​ပြေး၀င်လာ​လေသည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Where stories live. Discover now