အပိုင်း ၁၅

3.7K 185 48
                                    

Unicode

" ကိုကိုးသ ပြန်​ရောက်​နေတာလား ငါ​တောင် မသိလိုက်ဘူး "

ဒီလှိုင်းဦးသည် မူးယစ်​ဆေးဝါး ဂိုဏ်းတစ်ခုနှင့် ပတ်သတ်သည့် အ​ရေးကြီးအစည်းအ​ဝေးကို တက်​နေ​သော်လည်း စိတ်က​တော့ တိမ်တိုက်ငယ် ​ပျောက်သွားသည့် အမှုအ​ပေါ်တွင်သာ ​ရောက်​နေ၏ ။

သူသည် သာကီ​ပြော​သော မသိဘူးဟူသည့် စကားကို မယုံကြည်​ချေ ။
သာကီသည် တရားရုံးနှင့် အိမ် အိမ်နှင့်တရားရုံးသာ လုံးပမ်း​နေသည်ဟု ထင်ရ​သော်လည်း သာမန် မရင်းနှီးသူ​တွေရဲ့ အမှုကိစ္စ​တော်​တော်များများ​တောင် သာကီ့ဆီမှ သဲလွန်စ ရစမြဲ ။

ထင်ရာကိုးသ အိမ်လိပ်စာကို မသိဘူး​ဟု ​ပြောလျှင်​တောင် ယုံချင်ယုံဦးမည်။
သာကီသည် ကိုးသ၏ အရင်းနှီးဆုံး မိတ်​ဆွေတစ်ဦးဖြစ်၍ သူပြန်​ရောက်​နေတာ မသိစရာ အ​ကြောင်းမရှိ ။ သိကို သိ​နေမည် ။

ဒါဆို သာကီ ညာ​နေတာလား ။
ငါတို့ သူငယ်ချင်း​တွေကြားမှာ ငါမသိတာ တစ်ခုခုရှိ​နေပုံရတယ် ။

" ရဲအုပ် ဒီလှိုင်းဦး "

စခန်းမှူးက နဂို တင်းမာ​သော ရဲမင်းကြီး မျက်နှာ တင်းသည်ထက်တင်း​နေသည်ကို သတိထားမိ၍ ဝိဥာဥ် မကပ်​သော ဒီလှိုင်းကို ​ခပ်အုပ်အုပ် ​ခေါ်​နေ​သော်ငြား ဒီလှိုင်းဦး မကြား ။ အာရုံ​တွေ ပျံ့လွင့်​နေဆဲ ။

" ​ဟဲ့ ... ဒီလှိုင်း "

" အင်း ... အင်း ဘာလဲ "

​ဘေးနားက လုပ်​ဖော်ကိုင်ဖက်က လက်တို့ကာ သတိ​ပေးမှပဲ ဝိဥာဥ်​လေးက ပြန်​​ရောက်လာ​တော့၏ ။

စခန်းမှူးမျက်နှာ တစ်ခြမ်းက ​ဒေါသ​ကြောင့်မီး​တောက်​နေပြီး ​နောက်တစ်ခြမ်းက ရဲမင်းကြီးကို ​ကြောက်၍ ​​အေးစက်​နေသည် ။ ဒီလှိုင်းဦးမှာ​တော့ ၅စက္ကန့်မျှ အူ​ကြောင်​ကြောင် ဖြစ်ပြီး​နောက်မှ အ​ခြေအ​နေကို သ​ဘောက်​ပေါက်ကာ ရဲမင်းကြီးထံ ​တောင်းပန်ပြုံးတစ်ခု ပို့လွှတ်ရင်း အစည်းအ​ဝေးသို့ ဝိဥာဥ်ပြန်စုလိုက်သည် ။

အားလုံး သိပြီးသား ။
ပြည်နယ်ရဲမင်းကြီးက ဆူမှာလည်း မဟုတ်သလို အပြစ်​ပေးမှာလည်း မဟုတ် ။
သို့​သော် အပြစ်​ပေးမှာထက် ပို​ကြောက်ဖို့​ကောင်း​သော တာဝန်တစ်ခု လွှဲအပ်ခံရလိမ့်မည် ။

လွင့်ပြယ်သွား​သော တိမ်တိုက်ငယ် Kde žijí příběhy. Začni objevovat