အပိုင်း ၈၁ / အပိုင္း ၈၁

Bắt đầu từ đầu
                                    

မုယွမ်​ယောင်က တခြားသူတွေကို အကူအညီ မတောင်းဘဲ သူမကိုယ်တိုင် သခင်မကျင်းကို အဝတ် ကူဝတ်ပေးသည်။

သခင်ကျင်းက သွယ်လျပေမယ့် ဝတ်စုံက ခါးနေရာမှာ ကျပ်နေသည်။ သခင်မကျင်းက အသက်တစ်ချက် ရှုသွင်းလိုက်ပြီးနောက် ပြောလာသည်။

"အမှန်အတိုင်း ပြောရရင် ဒီဝတ်စုံက ခါးကျပ်လွန်းတယ်။ တစ်စွမ့်လောက် လျော့လိုက်ရင် ပိုအဆင်ပြေမယ် ထင်တယ်"

(တစ်စွမ့် - လက်မရဲ့ အပေါ်ဆုံးတစ်ဆစ် အတိုင်းအတာပါ)

မုယွမ်​ယောင်က ဘာမှ ပြန်မပြောဘဲ သခင်မကျင်းကို မှန်တင်ခုံရှေ့ ခေါ်သွားသည်။ သူတို့တွေ ကြေးညိုရောင်မှန်ရှေ့က ဖြတ်တော့ မုယွမ်​ယောင်က မှန်ကို သခင်မကျင်း မကြည့်နိုင်အောင် တမင်သပ်သပ် ကွယ်ထားလိုက်သည်။

"မှန်မကြည့်ခင် အရင်ဆုံး ဆံပင်ပြင်ပေးပါရစေ။ သခင်မကို အံ့ဩစရာလေးတစ်ခု ပြချင်လို့ပါ"

"ကောင်းပြီ မင်းအရည်အချင်းတွေ တိုးတက်လာလား ဆိုတာ ကြည့်ရတာပေါ့"

မုယွမ်​ယောင်က မဟော်ဂနီရောင် သေတ္တာလေးကို ထုတ်ပြီး ပထမဆုံး အံဆွဲကို ဆွဲထုတ်လိုက်သည်။ သူမက ‌စာအုပ်ငယ်ထဲကနဲ့ တပုံစံတည်းတူတဲ့ အဆင်တန်ဆာကို ထုတ်ယူပြီး သခင်မကျင်းရဲ့ ဆံပင်ကို အသာအယာ ဖြည်လိုက်ပြီး အချိန်တိုလေးအတွင်းမှာ နတ်သမီးပုံပြင်ထဲကလို ဆံထုံးလေး ထုံးလိုက်သည်။ ထို့နောက် သူမက  ရွှေရောင်ပုယောင်ဆံထိုးကို ဂရုတစိုက် ထိုးပေးသည်။ ပြီးမှ သူမက သခင်မကျင်းကို မျက်ခုံးမွေး ခပ်ပါးပါးလေး ဆွဲပေးလိုက်သည်။

"သခင်မ အခုကြည့်လို့ရပါပြီ"

သခင်မကျင်းတစ်ယောက် စိတ်မရှည်နိုင် ဖြစ်နေတာ ကြာပြီပင်။ မုယွမ်​ယောင် ရပြီလို့ ပြောလိုက်တာနဲ့ သူမက ချက်ချင်း မှန်ရှေ့ရောက်သွားသည်။

"ဒါ……ဒါက ငါလား?"

"သေချာတာပေါ့ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ"

"ဒီ……ဒီအပြောင်းအလဲကြီးက များလွန်းတယ်"
သခင်မကျင်းလို ချုပ်တည်းနိုင်တဲ့သူတောင် လက်ရှိမှာ ရှက်သွေးဖြာနေသည်။ သူမ မျက်လုံးတွေထဲမှာလည်း ပျော်ရွှင်မှုတွေ ကိန်းဝပ်နေပြီး မှန်ထဲက သူမပုံရိပ်ကို သဘောအကျကြီးကျနေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Nơi câu chuyện tồn tại. Hãy khám phá bây giờ