အပိုင်း ၁၉/ အပိုင္း ၁၉

शुरू से प्रारंभ करें:
                                    

"အစ်ကိုလျို အခြေအနေ ဘယ်လိုလဲ"

အရာရှိတစ်ယောက်က မေးလာသည်။

အမှုစစ်က ဓားမြှောင်ကို အရာရှိဆီ လှမ်းပေးပြီး သူ့မျက်လုံးတွေက ကျန်းချိုင်ကျူးကို တည့်တည့် စိုက်ကြည့်ပြီး ညွှန်ပြလိုက်သည်။ အရာရှိက ချက်ချင်း နားလည်သဘောပေါက်သွားသည်။ သူ ကျန်းချိုင်ကျူးကို ချက်ချင်း သတိဖြင့် ချင့်ချိန်ကြည့်လျက်

"ခင်များမှာ ပြောစရာတစ်ခုခု ရှိတယ်ဆိုရင် တရားရုံးမှာ ပြောလို့ရတယ် တရားသူကြီးက အဆုံးအဖြတ်ပေးလိမ့်မယ်။ သူ့ကိုခေါ်လာခဲ့! မင်း..."

အရာရှိက မုယွမ်ယောင်ကို ကြည့်လိုက်သည်နှင့် သူ့လေသံက အနည်းငယ် ပျော့ပျောင်းသွားကာ

"မင်းက မျက်မြင်သက်သေတစ်ယောက်အနေနဲ့ ငါတို့နဲ့အတူ လိုက်ခဲ့ရလိမ့်မယ် ပြီးတော့ ခုလေးတင် စကားပြောလိုက်တဲ့ လီရှီကိုလည်း အတူခေါ်လာခဲ့"

အရာရှိတွေနှင့် အမူစစ် အားလုံးပေါင်း လူလေးယောက်သာ ရှိသည်။ သူတို့က တင်းရှန်၏ အလောင်းကို သယ်ရသလို ကျန်းချိုင်ကျူးနှင့် မုယွမ်ယောင်ကိုလည်း အတူ ခေါ်လာရသေးသည်။ လီရှီကိုပါ ခေါ်လာဖို့ သေချာပေါက် လူမလုံလောက်ပေ။ ထို့အပြင် ဤတစ်ယောက်က သွေးတွေ ပေကျံနေသေးသည်။ အမှုစစ်လျိုက နောက်ဆုံးအချိန် မလောက်ငမှုကြောင့် ရထားလုံးတစ်ခု ငှားရမ်းလိုက်သည်။

သူကြီးယန်မင်က လီရှီနှင့် တင်းရှန်ကို ထမ်းစင်နှင့် သယ်ပြီး အရာရှိတွေနောက်ကနေ ယန်မြို့ဆီသို့ လိုက်သွားရန် လူအချို့ကို အမိန့်ပေးလိုက်သည်။ ဤကိစ္စက ရွာသားတွေနှင့် သက်ဆိုင်သည့် ကိစ္စရပ်ကြီး တစ်ခုဖြစ်ကာ မိခင်တစ်ယောက်နှင့် သူမကလေးလည်း ပါဝင်ပတ်သက်နေတာကြောင့် သူတို့ကို ဒီတိုင်းထားလိုက်လို့ မဖြစ်ချေ။

မုယွမ်ယောင်၏ခန္ဓာကိုယ်က အားနည်းပြီး သွေးတွေအများကြီး ဆုံးရှုံးထားသည်။ ရွာအဝင်ပေါက်ကို ရောက်တဲ့အချိန်မှာတော့ သူမမျက်နှာက စက္ကူရွက်ကဲ့သို့ ဖြူရော်နေပြီ ဖြစ်ပြီး နောက်ထပ် မရွေ့နိုင်တော့သလို ခံစားနေရသည်။ စုချင်က ချက်ချင်း သူမကို တွဲကူပေးလာသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)जहाँ कहानियाँ रहती हैं। अभी खोजें