Arc 7.1 ~Feng Qin~
Start from the beginning
"အမ်! ဒါပဲလားဇာတ်ကြောင်းကမပြည့်စုံဘူး အဆုံးသတ်ကဘာလဲ ဝိညာဉ်အပိုင်းစတွေကရောဘာဆက်လုပ်လိုက်တာလဲ"
[Missionတွေပြောပြပါ့မယ်
1.နတ်ဆိုးမင်းသမီးရှီမုန့်ရဲ့သေဆုံးမှုအဖြစ်မှန်အားအများသိရှိစေရန် Points 500
2.အသက်မသေစေရန်နှင့် ဝမ်လင်ယွမ်ရဲ့အချစ်အားရယူရန် Points 600
3.နတ်ဆိုးအရှင်ရှီကျွင်းအားရှာဖွေပြီးအမှန်တရားကိုပြောပြပေးရန် Points400
4.ရှီမုန့်အားသတ်သူအစစ်ကိုဖော်ထုတ်ရန် Points 500]
"Pointsတွေကအများကြီးပေးထားတာပဲ"
[ဟုတ်ပါတယ်Host ဒီကမ္ဘာမှာကျွန်တော်လည်းရှိနေပေမဲ့ ဇာတ်ကြောင်းက၃ပုံ၁ပုံချန်ထားတာကြောင့် Hostအများကြီးခက်ခဲမှာဖြစ်လို့ ကံကောင်းပါစေ]
"ကျေးဇူးပါ အားလျန်"
ရှောင်ကျန့် မြူခိုးတွေလွှမ်းခြုံနေတဲ့လေဟာပြင်ကိုကြည့်လိုက်ပြီးတိတ်တဆိတ်ရေရွတ်လိုက်သည်။
*ရှောင်ဖုန်းချင်း မင်းဘယ်သူလဲငါမသိပေမဲ့ မင်းရဲ့အဆုံးသတ်ကငါ့ကိုခံစားရစေတယ် စိတ်ချပါ တရားမျှတမှုကိုပြန်လည်ရယူပေးမယ်*
နောက်တစ်နေ့ရောက်တော့ အဖြူနဲ့အပြာရောစပ်ထားတဲ့ဝတ်ရုံနဲ့လူထပ်ရောက်လာပြန်သည်။ ဒီတစ်ကြိမ်မှာတော့သူဘယ်သူလဲဆိုတာ သိနေခဲ့ပြီဖြစ်သည်။
"ခေါင်းမာတုန်းပဲလားဖုန်းချင်း"
"ငါမသတ်တာငါ့လိပ်ပြာငါလုံတယ်
မင်းသာအဖြေမှန်ရအောင်စုံစမ်းတာကိုအောင်မြင်အောင်လုပ်ပါ"
"ဖုန်းချင်း! မင်းသိနေတာလား"
"ဟက်! ဘာများထူးဆန်းလို့လဲ ယွမ်
ယွမ် မင်းငါ့ကိုမယုံကြည်ပြီး ငါ့ကိုစိတ်ပျက်စေတယ် ခဏနေစစ်မေးတဲ့အခါ ငါ့အပေါ်သနားညှာတာနေဖို့မလိုဘူး ငါ့အတွက်မလိုအပ်လို့ပဲ"
ဝမ်လင်ယွမ်သူ့ရှေ့ကရှောင်ဖုန်းချင်းကိုဆွေးမြေ့တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ပြီး ဘာစကားမှမဆိုတော့ဘဲထွက်သွားလိုက်သည်။ သူ့ထွက်သွားပြီးချိန်မှာပဲ နတ်ဆိုးအရှင်ရှီကျွင်းကရောက်ရှိလာပြန်သည်။
"သေဖို့အတွက်အဆင်သင့်ဖြစ်ပြီလား ဖုန်းချင်း"
"ရှီကျွင်း မင်းကမကောင်းတဲ့အစ်ကိုပဲ
ကိုယ့်ညီမရဲ့သေဆုံးမှုကိုတောင်အဖြေမှန်ပေါ်အောင်မလုပ်နိုင်ဘူး"