ကျွန်တော်ချစ်သောမွေ့ (S2_18)

2.6K 135 15
                                    

"ဒါ... ဘာတွေလဲ... "

ညိုဇော် မှ ဖိုင်တွဲလာပေးလို့ ဂုဏ်နတ်ရှိန် ယူဖတ်
ကြည့်လိုက်တဲ့အခါ ဇာနည် ရဲ့ ရှယ်ယာ နဲ့
ပတ်သတ်တဲ့ စာရင်းဇယားတွေ ဖြစ်နေတယ်။ ဒါ
ကြောင့် ဂုဏ်နတ်ရှိန် ဖိုင်တွဲကို မြှောက်ပြ
ပြီး ညိုဇော် အား ပြန်မေးလိုက်ပါတယ်။

"ဟို... အစ်ကိုကြီး ဇာနည် ရဲ့
တာဝန်ယူထားတဲ့ လုပ်ငန်းပိုင်းတွေပါ"

"သိတယ် ... ဒါပေမယ့် ဘာစာရင်းမှ
မလုပ်ထားလို့ ဘာအတွက်
ငါ့ကို လာပေးတာလဲလို့ မေးနေတာ
သူစာရင်းတွေမစစ်ဘူးလား"

"ဟို... အစ်ကိုကြီး ဇာနည်
ရုံးမတက်တာ လွန်ခဲ့တဲ့ ၄ ရက်ထဲကပါ"

"ဘာ... ရုံးမတက်တာ
၄ ရက်ရှိပြီ ဟုတ်လား"

"ဟုတ်ပါတယ် အစ်ကိုကြီး... ဖုန်းဆက်
လို့လည်း မရဘူး... အဲဒါ
အစ်ကိုကြီးနဲ့ရော အဆက်သွယ်ရှိလား"

"မရှိဘူး... တောက်စ်! ဒါ ငါ့ကို
အလုပ်ရှုပ်အောင် လုပ်ခဲ့တာပဲ"

ဒေါက်... ဒေါက်... ဒေါက် !

ရုတ်တရက် အပြင်မှ တံခါးခေါက်သံကြားလို့
ဂုဏ်နတ်ရှိန် လှမ်းကြည့်လိုက်တယ်။
ပြီးနောက် အပြင်ကလူက ဂုဏ် ခွင့်ပြုချက်မ
ပေးသေးဘဲ တံခါးဖွင့်ဝင်လာတယ်။
အဲဒါနဲ့ ဇာနည် လို့ ထင်သွားပြီး ဂုဏ်နတ်ရှိန်
ပြသနာရှာဖို့ ထရပ်လိုက်တယ်။ ဒါပေ
မယ့် ဝင်လာတဲ့သူက ဦးနတ်ဂုဏ်ရှင် ဖြစ်နေ
ခဲ့တယ်။

"Daddy... "

ဂုဏ် လည်း အဖေ ဖြစ်သူဝင်လာတာ တွေ့တော့
ညိုဇော် ကို တခြားအလုပ်သွားလုပ်ဖို့
ပြောလိုက်တယ်။ ညိုဇော် ရုံးခန်းထဲက ထွက်သွား
မှ ဂုဏ်လည်း ဧည့်ခန်းဆိုဖာနား ထွက်
လာပြီး သားအဖ နှစ်ယောက် ထိုင်လိုက်ကြတယ်။

"Daddy လာတာနဲ့ အတော်ပဲ။ ပြောစရာ
ရှိတယ်။ Daddy နောက်မိန်းမ ရဲ့
သား အလုပ်ကို မလာတာ ၄ ရက်ရှိပြီတဲ့ ..."

"ဘယ်လာမလဲ ... မင်း ပဲ
မောင်ဇာနည် မျက်နှာ ကို မတွေ့ချင်ဘူး
ရုံးကပါ ထွက်သွားရင်
ပိုကောင်းတယ် ဆိုပြီး ပြောခဲ့တယ်ဆို"

"ဗျာ... "

"အေး... အခု သားအမိနှစ်ယောက်လုံး
ငါ့ အိမ်ပေါ်က ဆင်းသွားကြပြီ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now