(Ep-11)

6K 369 10
                                    

"ဗျာ... ကျွန်တော် က ဦးငယ်ရဲ့
တူကို စာသင်ပေးရမယ် ဟုတ်ပါလား"

ဂုဏ် တစ်ယောက် အဖေ ဖြစ်သူနဲ့ ဆောက်လက်စ
ဂေဟာအမြန်ဆုံးပြီးအောင် ဆောက်ပေးရင်
သူ ကျောင်းပြန်တက်မယ် ဆိုပြီး  အပေးယူ လုပ်ခဲ့
တယ်။ ဦးနတ်ဂုဏ်ရှင် ကလည်း ဂုဏ် ဆီက
ကျောင်းပြန်တက်မယ်ဆိုတဲ့ စကားကို ကြားတော့
ဝမ်းသာသွားပြီး သားဖြစ်သူ ဖြစ်ချင်သမျှ
လိုက်ရောဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးနောက် ဂုဏ်နတ်ရှိန် က သူဂေဟာမှာနေပြီး ဇာနည် နဲ့ စာသင်
ချင်တယ် လို့ပါ ထပ်တောင်းဆိုခဲ့ပါသေးတယ်။

အဲဒီအချက်ကလည်း အဆင်ပြေတာမို့
ဦးနတ်ဂုဏ်ရှင် က ဦးစိုးငယ်ဆီ ဖုန်းဆက်ပြီး
သားဖြစ်သူ စိတ်တိုင်းကျ လုပ်ပေးဖို့
ရန်ပြောခဲ့တယ်။ ဒါကြောင့် ဦးစိုးငယ် က ရုံး
ခန်းထဲမှာ သုံးယောက်ဆုံပြီး အကျိုး
အကြောင်းပြောပြလိုက်ရာ ဇာနည် မှ အံသြ
ပြီး ပြန်မေးလိုက်တာပဲ ဖြစ်တယ်။

"ဟုတ်တယ် မောင်ဇာနည် ...
ဦးတူဂုဏ်နတ်ရှိန် ကို စာသင်ပေးလို့ရမလား... "

"မဖြစ်ဘူးထင်ပါတယ်"

"ဘာလို့မဖြစ်ရမှာလဲ"

ဇာနည် မဖြစ်ဘူး ပြောလာ၍ ဂုဏ်နတ်ရှိန် မှ မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

"ငါက ဒီအတိုင်း သိသလောက်၊
တက်သလောက်လေး ပြန်သင်ပေးတာပါ။
မြို့ကဆရာတွေလို မတော်ဘူး"

"ကျွန်တော်လည်း Fresher မှ
မဟုတ်တာ ၊ နည်းနည်းပါးပါး Guide
လုပ်ပေးနိုင်ရင်အဆင်ပြေပါပြီ"

"ပြီးတော့ ... ငါက Eco ပဲရတာနော်"

"ငါ့တူ ... မင်း က Eco လား Bio လား"

ဂုဏ် ၏ အဖြေကို ဇာနည် စိတ်ဝင်တစားနှင့်
နားထောင်နေသည်။ စိတ်ထဲတွင်လည်း
ဂုဏ် Bio ယူတာပဲ ဖြစ်ပါ​စေ ဟု ဇာနည် ဆု
တောင်းနေခဲ့သည်။

"Bio ယူထားတာ"

ခဏအကြာ ဂုဏ် မှ "Bio " ဟု ဖြေလာ၍ မွေ့ဇာနည် ဝမ်းသာသွားသည်။

"ဒါပေမယ့် ...အဓိက က ဒီနှစ် ဆယ်တန်း
အောင်သွားဖို့ပဲလေ။ ပြီးရင် ကျွန်တော် က
ပြည်ပမှာ တက္ကသိုလ်သွားတက်မှာပဲကို"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now