ကျွန်တော်ချစ်သောမွေ (S2-2)

3.7K 197 25
                                    

ပုဂံခရီးက ပြန်လာတော့ အဖေ ဖြစ်သူ
ရဲ့ ကုမ္မဏီမှာ ဂုဏ်နတ်ရှိန် တစ်လလောက် လေ့လာခဲ့တယ်။ ဂုဏ် မသိတာတွေကို
ဦးနတ်ဂုဏ်ရှင် ရဲ့ လက်ထောက် ဇာနည် က
ရှင်းပြပေးခဲ့တယ်။ ပြီးနောက် လုပ်ငန်း
ခွင်မှာ လိုအပ်တာတွေကိုလဲ ဂုဏ် က သူသိသလောက် အကြံပေးထောက်ပြခဲ့တယ်။

အဲဒီလိုနဲ့ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး
သွားခဲ့ပြီး ဂုဏ် Us မပြန်ခင် ၁လ အလို
မှာ မန္တလေးမြို့ကို ခရီးထွက်ဖို့ပြင်ပြန်တယ်။
ဇာနည် က အလုပ်တစ်ဖက်နဲ့မို့ မလိုက်
ချင်ပေမယ့် ဦးနတ်ဂုဏ်ရှင် က သားဖြစ်သူစိ
ချမ်းသာအောင် လိုက်သွားခိုင်းခဲ့တယ်။
ဇာနည် လည်း ဦးနတ်ဂုဏ်ရှင် ကိုယ်တိုင်က
လွှတ်တာမို့ ငြင်းမနေတော့ဘဲ ဂုဏ် နဲ့ အ
တူ ဒုတိယခရီးစဥ်ကို လိုက်ပါလာခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဖြူရောင် အိပ်ယာခင်းစွပ်ထားတဲ့ နှစ်ယောက်အိပ်မွေ့ယာပေါ်မှာ လဲလျောင်းနေ
သော ဒီပါ နဲ့ ထိုက်။ဒီပါ က သူ့လက်မော
င်းပေါ်ခေါင်းအုံးအိပ်နေတဲ့ ထိုက်ကို ဘေး
တစ်စောင်းကြည့်နေပြီး ပြုံးနေပါတယ်။
အခုဆို ထိုက် နဲ့ ဒီပါ ရဲ့ ချစ်သူသက်တမ်း
က ၈နှစ်ကျော်ပြီ ဖြစ်သလို နှစ်ယောက်
ရဲ့ သံယောဇဥ်တွေကလည်း ပိုခိုင်မာလာတယ်။ ပြီးနောက် အချစ်တွေလဲ ပိုတိုး
လာတာမို့ ထိုက် ကို ဒီပါ က ရင်ခွင်ထဲထ
ည့်ဖက်ထားလိုက်တယ်။ အဲအချိန်ကျမှ
ထိုက် လဲ အိပ်ယာက နိုးလာပြီး ဒီပါ ရဲ့
ခါး ကို တင်းကျပ်စွာ ပြန်ဖက်လိုက်တယ်။

"ကိုယ်ဖက်လို့ ထိုက်လေး
နိုးသွားပြီထင်တယ်"

"ရပါတယ် ကိုကိုရဲ့... "

ထိုက် လက်တစ်ဖက် က မျက်လုံး ပွတ်ရင်း
ဒီပါ အမေး ကို ပြန်ဖြေလိုက်တယ်။
ဒီပါ တစ်ယောက် အိပ်ချင်မူးတူးဖြစ်နေတဲ့ ထိုက် ပုံစံကို ကြည့်ပြီး အသဲယား
လို့ နဖူးကို အနမ်းခပ်ဖွဖွ ငုံ့ပေးလိုက်တယ်။

"ကိုကို ရဲ့ ထိုက်လေးက
အရမ်းချစ်ဖို့ကောင်းတယ်ကွာ"

"ထိုက် လဲ အစ်ကို့ ကို ချစ်တယ်... "

"ဒါဆို ကိုယ်တို့တွေ
လက်ထပ်ရအောင်နော်"

"ဗျာ ... "

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now