(Ep-13)

5.2K 364 6
                                    

ညက ဇာနည် အတွေးများပြီး သန်းခေါင်ယံ
အချိန်မှ မှေးခနဲ အိပ်ပျော်သွားခဲ့တယ်။
ဂေဟာမှာည၁ဝနာရီကျော်ရင်မီးမပေးတော့
လို့ အခန်းတိုင်း မီးအိမ်နဲ့ နေကြရတယ်။
ဇာနည်အခန်းမှာကုတင်နှစ်လုံးရှိပြီးအရင်က
ရေပြာထိုက် နဲ့ အတူနေခဲ့တာဖြစ်တယ်။
ဒါပေမယ့် ထိုက် ဘွဲ့ရပြီး မြို့ပေါ်ပြောင်းသွား
တော့ အခန်းထဲ ဇာနည် ပဲ ကျန်ခဲ့တယ်။

ဒေါက်... ဒေါက်... ဒေါက်!

ဇာနည် အိပ်မောကျနေတုန်း အခန်းအပြင်
က တံခါးလာခေါက်တဲ့အသံ။
တံခါးခေါက်သံကြောင့် ဇာနည် အိပ်ရာ က
ဖျက်ခနဲ လန့်နိုးသွားခဲ့တယ်။
ပြီးနောက် ခြင်ထောင်မ၍ ဇာနည် အိပ်ယာ
ပေါ်က ဆင်းရပ်လိုက်တယ်။

ဇာနည် တစ်ယောက် တံခါးဖွင့်မပေးခင်
အိပ်ယာဘေးရှိ စားပွဲပေါ်က နာရီ ကို အိပ်ချင်မူးတူးနဲ့လှမ်းကြည့်လိုက်တယ်။
အချိန်အားဖြင့် မြန်မာစံတော်ချိန် ၁
နာရီ နဲ့ မိနစ် ၃၀ ပဲ ရှိသေးတာမို့ ဇာနည်
ခေါင်းကုတ်ရင်း သန်းနေလေတယ်။
ခဏအကြာ မီးအိမ်ကိုင်ပြီး တံခါးဝနား
ကို ဇာနည်လျှောက်သွားလိုက်တယ်။

ကျွီးးး

ဇာနည် တံခါးဖွင့်လိုက်သောအခါ အခန်းရှေ့
တွင်ရပ်နေသည့်သူကညိုဇော်နှင့်ထွန်းလတ်။

"ဆရာလေး ဇာနည်
ဆရာလေး ဇာနည်"

"ညိုဇော် နဲ့ ထွန်းလတ်
ညသန်းခေါင်းယံအချိန်ကြီး
ဘာကိစ္စများရှိလို့ပါလဲ"

"ဟို ... အ... အခန်းထဲမှာ
.အ ... အစ်ကိုကြီး ဂုဏ်နတ်ရှိန်"

"ဂုဏ်နတ်ရှိန် ဘာဖြစ်လို့ပါလဲ"

"အစ်ကိုကြီး ... ဂုဏ်... ဂုဏ်နတ်... "

ဇာနည် ရဲ့ အမေးကို ထွန်းလတ် က
ထစ်ငေါ့ငေါ့ နဲ့ ပြန်ဖြေနေလေတယ်။
ဒါကြောင့် ဇာနည် စိတ်မရှည်တော့
လို့ ဂုဏ်အခန်းကိုပဲ ထွက်လာခဲ့တယ်။

"မေမေ ... သားရောက်နေပြီလေ
သားကိုပစ်မထားပါနဲ့ ... မေမေ"

ဂုဏ် တစ်ယောက် အိပ်ယာပေါ်တွင် အိပ်မော
ကျကာ ကတောင်ကယမ်းဖြင့် ထအော်
နေသောအသံ။ဇာနည် အခန်းထဲရောက်သော
အခါ ဂုဏ် ပုံစံကိုမြင်၍ ကြောင်ကြည့်
နေမိသည်။ထွန်းလတ် နှင့် ညိုဇော်လည်း ဇာ
နည် အနောက်ကနေ ကပ်ပါလာကာ
ဂုဏ် ကို ကြည့်နေကြသည်။ ထို့နောက် ဇာန
ည် က ဂုဏ် ကုတင် အနားသို့ ဖြေး
ဖြေးချင်းတစ်လှမ်းဆီ လျှောက်သွားခဲ့သည်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now