(Ep-21)

4.3K 266 2
                                    

ဒေါက်... ဒေါက်... ဒေါက် !

အခန်းတံခါးခေါက်သံကြား၍ ဂုဏ်နတ်ရှိန်
ဖွင့်ပေးလိုက်သည်။

"အော်... ထွန်းလတ်နဲ့ညိုဇော်တို့ပါလား"

"ဟုတ်ကဲ့ အစ်ကိုကြီး
အောက်ထပ်ရုံးခန်းထဲမှာ
ဦးလေး နတ်ဂုဏ်ရှင်
ရောက်နေပါတယ် ခင်မျ"

၅လပိုင်း ပထမအပတ်ထဲ လာမယ်
လို့သိထားပေမယ့်အခုလို ဗြုန်းစားကြီး
ရောက်လာမယ်လို့ ဂုဏ် မထင်ထား
ခဲ့ပါ။ ဇာနည် မွေးနေ့ပြီးထဲက ကျောင်း
သင်ခန်းစာတွေ ပြန်စလုပ်နေရတာ
ကြောင့် ဂုဏ် ရက် ကို သေချာသတိမ
ထားမိခဲ့တာလည်း ပါပါတယ်။ ဂုဏ် သူ
မထင်မှတ်တဲ့ အချိန်အတွင်းမှာရောက်
လာတာမို့ဂုဏ် အရမ်းကို ပျော်သွားခဲ့
တယ်။

"ဖေဖေ ရောက်လာပြီ
ဟုတ်လား ..."

ဂုဏ် ဝမ်းသာအားရနဲ့ မေးတော့ ထွန်းလတ်
တို့က ပြုံးပြီး ခေါင်းညိမ့်ပြလိုက်တယ်။
ပြီးနောက် အောက်ထပ်ရုံးခန်းဆီကို ဂုဏ်နတ်
ရှိန်  ပြေးဆင်းလာခဲ့တယ်။ ဂုဏ် တစ်
ယောက် အဖေကိုတွေ့ရတော့မယ်ကို တွေးပြီး
စိတ်ထဲ ပြုံးပျော်နေခဲ့တယ်။ ဒါပေမယ့်
ရုံးခန်းရှေ့ရောက်လို့ အခန်းတံခါး ဖွင့်လိုက်
တဲ့အခါမှာ အဖေဖြစ်သူနဲ့ အတူထိုင်နေ
တဲ့ ဒေါ်ခင်သက်ခိုင် ပါ ဂုဏ် တွေ့လိုက်ရတယ်။

"ဟော... ဟိုမှာ ရောက်လာပါပြီ"

ဂုဏ် အခန်းတံခါးဝမှာ ရောက်သွားတော့
ဦးစိုးငယ် က ပြောလိုက်တာဖြစ်တယ်။
ပြီးနောက် ဦးနတ်ဂုဏ်ရှင် လည်း ထလာ
ပြီး သားဖြစ်သူ ဂုဏ်နတ်ရှိန် အနားသွား
လို့ တင်းကျပ်စွာ ဖက်လိုက်တယ်။

အစက ဒေါ်ခင်သက်ခိုင် ပါလာလို့ ဂုဏ်
စိတ်မကြည်ပါ။ဒါပေမယ့် အဖေ ဖြစ်သူ ဖ
က်လာတော့ ဂုဏ် ပြန်ဖက်လိုက်တယ်။

"ဖေဖေ နေကောင်းတယ်နော်"

"ကောင်းပါတယ်... ဒါနဲ့
သားရော နေကောင်းရဲ့လား"

"သား နေကောင်းပါတယ်
သား...ဖေဖေကို သတိရနေတာ"

"ဖေဖေ လည်း သားကိုသတိရပါတယ်"

သားအဖ နှစ်ယောက်သားပြောပြီး
နောက်တစ်ကြိမ်ပြန်ဖက်လိုက်ကြတယ်။
ဒါကို ဘေးမှာရပ်နေတဲ့ ဇာနည် က
မြင်တော့ ကြည်နူးပြီး ပြုံးလိုက်မိတယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now