ကျွန်တော်ချစ်သောမွေ့ (S2_17)

2.1K 136 12
                                    

လွန်ခဲ့သော ၂နှစ်ကျော် ၊ ဒေါ်ခင်သက်ခိုင် က သူ့
မိဘတွေနေတဲ့ ခြံထဲကို ကိုယ်တိုင်ကား
မောင်းပြီး ဝင်လာခဲ့တယ်။ ဘေးတွင်လည်း ဇာန
ည် က ထိုင်စီးလာပြီး လက်ထဲမှာ အထု
ပ်တွေ ပိုက်ထားတယ်။ ပြီးနောက် ခြံထဲ ကားထိုး
ရပ်လိုက်ပြီး ဇာနည် နဲ့ အတူ ကားပေါ်
က ဆင်းရပ်လိုက်ကြတယ်။

"လာ... မောင်ဇာနည်... ဒါ ဒေါ်လေး အိမ်ပဲ"

ဒေါ်ခင်သက်ခိုင်ရဲ့ အိမ်က အဖြူရောင်အိမ်တော်ကြီး
သကဲ့သို့ပင်။ ခြံဝန်းကလည်း အတော်
ကျယ်ပြီး သစ်ပင်၊ပန်းပင်များလည်း စိုက်ထားတယ်။

"လာ... အထဲဝင်ရအောင်"

ဒေါ်ခင်သက်ခိုင် ခေါ်တော့ ဇာနည် လည်း
အိမ်ထဲကို အနောက်မှ လိုက်ဝင်လာ
ခဲ့တယ်။ အိမ်ထဲရောက်တော့လည်း ခမ်း
နားထည်ဝါတဲ့ အပြင်အဆင် ကြောင့်
ဇာနည် အံ့သြနေပြန်တယ်။

"ဧည့်ခန်းထဲမှာ ထိုင်စောင့်ဦးနော်
ဒေါ်လေး အပေါ် ခဏတက်လိုက်ဦးမယ်"

"အော် ... ဟုတ်ကဲ့ပါ ဒေါ်လေး"

ဇာနည် ကို ဧည့်ခန်းထဲရှိ ဆိုဖာခုံပေါ် ထိုင်ခိုင်းခဲ့ပြီး
ဒေါ်ခင်သက်ခိုင် က ရွေရောင်​လှေကားလက်တန်း
ကိုင်လို့ အပေါ်ထပ် တက်သွားခဲ့တယ်။ ဒေါ်ခင်သ
က်ခိုင် တက်သွားတော့ ဇာနည်လည်း အိမ်အတွင်း
ထဲ ဟိုကြည့်၊ဒီကြည့်နဲ့ ဆိုဖာခုံမှာ ထိုင်ပြီး ကျန်နေ
ခဲ့ပါတယ်။

"သုံးဆောင်ပါဦးရှင့်"

ခဏအကြာ အိမ်အကူ ထင်ရတဲ့ ကောင်မလေး
တစ်ယောက် ဇာနည် ရှေ့က စားပွဲပေါ်ကို ကော်ဖီ နဲ့
အချို မုန့်မျိုးစုံ လာချပေးတယ်။ ဇာနည် လည်း
သူမစားချင်ပေမယ့် အားနာလို့ ကျေးဇူးပါ လို့ ပြန်
ပြောခဲ့တယ်။ ပြီးနောက် အိမ်အကူကောင်မလေး
က ဇာနည် ကို ပြုံးပြပြီး နောက်ဖေးဘက်ကို လှည့်
ထွက်သွားခဲ့တယ်။

*ဒေါ်လေး ခင်သက်ခိုင် အိမ်ကြီးက အကြီးကြီး
ပါလား... ဧည့်ခန်း အသုံးအဆောင်တွေ
ကလည်း မိုက်လိုက်တာပါ...ပြီးတော့ ခြံထဲမှာ
ကားတွေရပ်ထားတာ တန်းစီနေတာပါပဲ
အတော်ချမ်းသာမယ့်ပုံ ... ဘာဖြစ်လို့များ ဦး
လေး ရဲ့ မယားငယ် ဖြစ်ရတာပါလဲ ... *

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Wo Geschichten leben. Entdecke jetzt