(Ep-3)

9.5K 543 9
                                    

Unicode
💌💌💌

နောက်တစ်နေ့မနက်စောစောဒေါ်မေမိုးရှင်က မွေ့ဇာနည် နှင့်အတူ သူ့အိမ် သို့
ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်
အခါ မီးဖိုချောင်ထဲဝင်၍ အလာတုန်း
က စျေးသုံးခဲ့သောအသားများကိုထုတ်
နေသည်။ ထို့နောက် ဒေါ်မေမိုးရှင် ဟင်းချက်ဖို့ ပြင်ဆင်နေ၍ မွေ့ဇာနည်
လည်း ဘေးက လိုအပ်သည် များကို ဝိုင်းကူညီပေးခဲ့သည်။

ခဏအကြာ ဟင်းများကျက်သွားကာ ချက်ပြုတ်ပြင်ဆင်မူ့အားလုံးပြီးသွား၍
မွေ့ဇာနည်က ဒေါ်မေမိုးကိုမေးလိုက်
သည်။

"ဒီအိမ်မှာ ဘယ်နှစ်ယောက်နေတာပါလဲ
အန်တီ"

"အန်တီ နဲ့ အန်တီ မေမေ
နှစ်ယောက်နေတာ...ဘာဖြစ်လို့လဲ... "

"အော် ... ဘာမှမဖြစ်ပါဘူး
ဟင်းတွေများကြီးချက်ထားတော့
လူများတယ် ထင်လို့ပါ"

"အော်... ဒါက ဒီလို... အမေ အတွက်က
ငါးဟင်း နဲ့ ချဥ်ပေါင်ဟင်းချို၊
ပြီးတော့ ပန်းပွင့်ကြော်နဲ့ငပိထောင်းပါ"

"ဒါဆို ဒီချိုင့်ထဲက ကြက်သားနဲ့
အာလူးကရော..."

"အဲတာက တူလေးအတွက်လေ
တူလေးက ငါးမစားလို့
သူ့အတွက်သီးသန့်ပြင်ဆင်ပေးတာ"

Dinner ပွဲနေ့က ဂုဏ်နတ်ရှိန် ပြသနာ
တက်ပြီး အိမ်ပေါ်က ဆင်းသွားတာကို
ဦးနတ်ဂုဏ်ရှင် ပြောပြထား၍ မွေ့
ဇာနည် သိထားသည်။ ထို့ကြောင့် 
မွေ့ဇာနည် အထူးတလည် ပြန်မေးမ
နေဘဲ အော် ဟုသာ တလိုက်သည်။

"အော်... ဒါဆို ဒေါ်လေး မေမေ ကို
ဟင်းတွေ မအေးခင်
စားဖို့ ပြောလိုက်ပါအုံးလေ ... ဒါ
မှမဟုတ် ဒေါ်လေး ပင်ပန်း
နေရင် ကျွန်တော်သွားခေါ်ပေးရမလား"

ဒေါ်မေမိုးရှင် က ဘာမှပြန်မဖြေဘဲ
အောက်ထပ်ရှိ အခန်းတစ်ခုဆီ ဇာနည် ကို ခေါ်သွားခဲ့တယ်။ ပြီးနောက် အခန်း ရှေ့ရောက်
တဲ့အခါ တံခါးသုံးချက် ခေါက်ပြီး တံခါးကို ဆွဲဖွင့်လိုက်တယ်။

ကျွီးးးး ...

အခန်းထဲရှိ ကုလားထိုင် တစ်လုံးပေါ်
မှာ လဲလျောင်းပြီး စာဖတ်နေတဲ့ အမျိုးသမီးကြီး တစ်ဦး။ သူမ က ဦး
နတ်ဂုဏ်ရှင် နဲ့ဒေါ် မေမိုးရှင် တို့ရဲ့
မိခင် ဒေါ်မိုးနှင်းရှင် ဖြစ်တယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Onde histórias criam vida. Descubra agora