ကျွန်တော်ချစ်သောမွေ့ (S2-5)

2.8K 172 3
                                    

မနက်ပိုင်း ဦးနတ်ဂုဏ်ရှင် စင်ကာပူ
ပြန်ဖို့ဂုဏ်နတ်ရှိန် တို့ လေဆိပ်ကို
လိုက်ပို့ပေးခဲ့ကြတယ်။ပြီးနောက် နေ့
လည်ပိုင်းမှာ ဂုဏ် တို့အတွဲနဲ့ သူငယ်
ချင်းတွေ HollyWood ဆိုင်းပုဒ်ကြီး
ရှိရာကို ကားမောင်းထွက်လာခဲ့တယ်။
ဂုဏ် က ကိုယ်တိုင်ကားမောင်းပြီး ဇာနည် ကတော့ ဘေးမှာထိုင်လိုက်လာတယ်။
ကျန်တဲ့ ဂုဏ် သူငယ်ချင်း သုံးယောက်လ
ည်း နောက်ခန်းခုံမှာ ထိုင်ငိုက်ပြီး လိုက်
ပါလာခဲ့တယ်။

ဇာနည် တစ်ယောက် လမ်းတစ်လျှောက်
ဂုဏ် ကို ကျောပေးထိုင်လာကာ
ကားပြတင်းပေါက်ကနေ တစ်ဆင့် အပြင်
ကို ငေးကြည့်နေသည်။ ထိုအချိန်
ဂုဏ် ကလည်း မျက်မှောင်ကိုကြုတ်ထား
ကာ ကားကတ်စက်မှလာသည့် သီ
ချင်းသံကို ပိုကျယ်အောင် ချဲ့လိုက်သည်။

ရုတ်တရက် အသံအကျယ်ကြီးထွက်လာ
တာကြောင့် နောက်ခန်းက သုံးယောက်
လည်းလန့်ပြီး နိုးလာခဲ့ကြတယ်။

"ဟ ... ဘာဖြစ်လို့
သီချင်းအကျယ်ကြီး ဖွင့်တာလဲ"

"အေးကွာ ... ငါဒီမှာ အိမ်မက်ထဲမှာ
ကောင်မလေးရနေပြီကို
ဒီကောင်လုပ်လို့ ... "

"မင်း က အရေးထဲ နှာဘူး ထနေပြန်ပြီ"

"ဘာဖြစ်လဲ... မင်းကျ မဘူးလို့လား... "

"မင်းလောက်တော့မဆိုးဘူး
မင်းဖုန်းထဲမှာဆို
ဟိုကားတွေ အပြည့်ပဲလေ"

"အေး... ပြီးရင် မင်းပဲ ငါ့ကို
လာတောင်းကြည့်တာမလား"

"ကဲ ... တော်ကြတော့
မင်းတို့ နှစ်ကောင်က တစ်မျိုး"

ခေတ်သစ်ပိုင် နဲ့ ဟန်မင်း စကားနိုင်
လုနေကျလို့ ထန် ကပဲ ဝင်ဟန့်လိုက်ရတယ်။

"ဒီမှာ ရှေ့က နှစ်ယောက်က
ဘာဖြစ်နေလဲ မသိဘူး"

"ဘာဖြစ်လို့လဲ"

"ငါလည်းသေချာဘယ်သိမလဲ...
ဒါပေမယ့် မနက်လေဆိပ်မှာထဲက
နှစ်ယောက်က တစ်မျိုးပဲ ... ပြီး
တော့ အခုလည်း တစ်လမ်းလုံးစ
ကား တစ်ခွန်းမှ မပြောကြဘူး"

"ဟုတ်ပ ... ဒါကြောင့်
ငါတို့လည်း ​ပျင်းပြီး အိပ်ပျော်သွားတာ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now