ကျွန်​တော်ချစ်သော မွေ့ (S2-1)

4.8K 220 30
                                    

"ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကောင်း
တာတွေပဲ ဖြစ်စေချင်တာ ... အစ်ကို
လဲ ညီချေကို အဲလိုပဲ ဖြစ်စေချင်တယ်... "

ဒီစကားလေးတစ်ခွန်းကြောင့်ပဲ ၁၀ တန်း
အောင်ပြီး ၆ လအကြာမှာ ဂုဏ်နတ်ရှန်
အမေရီကန် နိုင်ငံ ကို ပညာသင်သွားဖို့ ဖြ
စ်လာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်တွေထဲက ၁၀တန်းအောင်သွားရင် Us မှာ သူငယ်ချ
င်းတွေနဲ့ အတူတူကျောင်းသွားတက်ဖို့
ဂုဏ်နတ်ရှိန် မှာ စိတ်ကူးရှိခဲ့တယ်။ ပြီးနော
က် ဦးနတ်ဂုဏ်ရှင် ကလည်း သားဖြစ်
သူ ကို နိုင်ငံခြားမှာ စီးပွားရေးဘွဲ့ရအောင်
အရင်ယူစေချင်တယ်။ ဒါကြောင့် ဇာန
ည် မခွဲချင်ပေမယ့် ဂုဏ်နတ်ရှိန် ကို နားလ
ည်အောင်ပြောပြီး ပြည်ပမှာ ​ကျောင်းသွားတက်ဖို့ တိုက်တွန်းပေးခဲ့တယ်။

အဲဒီလိုနဲ့ ဂုဏ် ထွက်သွားပြီးနောက်ပိုင်း
မှာ ဇာနည် က ဦး နတ်ဂုဏ်ရှင် တို့
အိမ်မှာ သွားပေါင်းနေခဲ့တယ်။အစပိုင်း
တော့ အတူနေတဲ့ ကိစ္စကို ဂုဏ်နတ်
ရှိန် သဘောဘောမတူခဲ့ပါ။ ဒါပေမယ့်
ကွန်ဒိုမှာ ဇာနည် တစ်ယောက်ထဲဆို
အန္တရာယ်ရှိလို့ နောက်ဆုံးမှာ လက်ခံခဲ့
တယ်။

"ကျွန်တော် ပြန်အလာကို
သစ္စာရှိရှိနဲ့ စောင့်ပါနော်..." တဲ့။

ဒီစကားက ဂုဏ် မသွားခင် လေဆိပ်မှာ
ဇာနည် ကို ပြောခဲ့တဲ့ စကား။ ဇာနည်
လဲဂုဏ် ကို ခေါင်းညိမ့်ပြန်ပြုံးပြခဲ့တယ်။

**********************************

၅ နှစ် ကြာသော်...

ဂုဏ်နတ်ရှိန် ရဲ့ကွန်ဒို အိပ်ခန်းထဲကို
ဇာနည် တံခါးဖွင့် ဝင်လာခဲ့တယ်။ ပြီးနော
က် တစ်ခန်းလုံးမှာ အုပ်ထားတဲ့ ပိတ်
စအဖြူတွေကို ဇာနည် ဖယ်လိုက်တယ်။
လူမနေတာကြာပေမယ့် တစ်ပတ်တစ်
ရက် ဇာနည် ပုံမှန် သန့်ရှင်းရေး လာလုပ်
တာမို့ အခန်းက သပ်ရပ်နေလေတယ်။

ခဏအကြာမှာ ဇာနည် ဗီဒို တံခါးကို
ဆွဲဖွင့်ပြီး သေတ္တာဗူးကြီး တစ်လုံးကို ထုတ်
လိုက်တယ်။ ပြီးနောက် သေတ္တာကို
ဖွင့်ကြည့်လိုက်တော့ ဂုဏ်နတ်ရှိန်နဲ့နှစ်ယော
က်တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now