(Ep-16)

5K 313 0
                                    

သကြင်္နအကြိုနေ့💦

များသောအားဖြင့် မြို့ကြီးပြကြီးတွင်
အကြိုနေ့မနက်ထဲက ရေကစားကြသည်။
သို့သော် ဇာနည်တို့ရွာမှာကျ အကြိုနေ့
နေ့လည်မှ မဏ္ဍပ်တွေစဆောက်ကြသည်။
ထို့နောက် အကျနေ့မနက်ပိုင်းမှစ၊အတ
က်နေ့ညနေစောင်းထိရေကစားလေ့ရှိ၏။

ဒီနေ့လို အကြိုနေ့မျိုးမှာတော့ နှစ်စဥ်နှစ်တို
င်း ရွာလူကြီးအိမ်မှာနံသာသွေးပွဲလုပ်ကြ
တယ်။ အဲဒီ နံသာသွေးပွဲကို ရွာရှိ လူပျို ၊ အ
ပျိုအားလုံးပါဝင်ဆင်နွှဲရတာ ဖြစ်ပြီး အ
မျိုးသမီးတွေက နံသာသွေး၊ အမျိုးသားတွေ
က အတီးအမှုတ်များနဲ့ဖျော်​ဖြေကြတယ်။

ဂုဏ် တစ်ယောက် မနက် အစောကြီးထ ၊
ရေမိုးချိုး အဝတ်အစားလဲပြီး နံသာပွဲ
သွားဖို့ ပြင်ဆင်နေတယ်။ အပြာနုရောင်
ရှပ်ကို ကာကီရောင်ပေါင်တိုနဲ့ ဂုဏ် တွဲ
ဖက် ဝတ်ဆင်လိုက်တယ်။ ပြီးနောက် ဆံ
ပင်ကို ဘေးတစောင်း ပင့်ထောင်ဖြီး
ထားပြီးမှန်ရှေ့က သူ့ရဲ့ပုံစံအနေထားကို
တပတ်လှည့်ကြည့်နေတယ်။

ခဏအကြာ ဂုဏ် ပြင်ဆင်မူ့ပြီး အခန်းအ
ပြင်ဘက်ထွက်လာတော့ ဇာနည် အောက်
ထပ်က တက်လာတာနဲ့ သွားဆုံကြတယ်။

"အစ်ကိုမွေ့ ... အခုထိ
ဘာမှမပြင်ဆင်ရသေးဘူးလား"

ဇာနည် က အသားရောင် ရှပ်အင်္ကျီ
လက်ရှည် ကို အနက်ရောင် ပုဆိုးအကွက်နဲ့
တွဲဖက်ဝတ်ဆင်ထားတယ်။ ဒီနေ့လို
အခါကြီးရက်ကြီးမှာ ဇာနည် ရဲ့ဝတ်ဆင်ပုံက
ပုံမှန်မြင်နေကျအတိုင်းပဲမို့ ဂုဏ် မေး
လိုက်တာဖြစ်တယ်။

"ဘာကိုပြင်ဆင်ရမှာပါလဲ"

"အော် ... ဒီနေ့က သကြင်္န်မလား
အဲတာ အစ်ကိုမွေ့ အဝတ်အစား
တွေ ဘာတွေ သွားလဲတော့လေ"

"ဒါ လဲပြီးပြီလေ"

"ဗျာ... သကြင်္န် ကို ဒီပုံစံကြီးနဲ့"

"ငါပုံစံက ဘာဖြစ်နေလို့ပါလဲ"

"ဘာမှတော့မဖြစ်ပါဘူး ... ဒီနေ့က
သကြင်္န်ဆိုတော့ အစ်ကိုမွေ့ ကို
Free Style ပေါ့ပေါ့ပါးပါး နေစေ
ချင်လို့ပါ... ဒါနဲ့အစ်ကိုမွေ့ ဘော
င်းဘီဝတ်တာ တစ်ခါမှမတွေ့ဖူးဘူး
နော် ... ဘာလဲ ... အစ်ကိုမွေ့မှာ
ဘောင်းဘီတစ်ထည်မှ မရှိဘူးလား ... "

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now