(Ep - 27)

5.8K 284 25
                                    

တစ်နှစ်ဆိုတဲ့အချိန်ကကုန်တာမြန်ဆန်လွန်း
ပါတယ်။ ဘာလိုလိုနဲ့ မြန်မာ့နှစ်သစ်ကူး သကြင်္န်
အချိန်အခါကို ပြန်ရောက်လို့ လာခဲ့ပြန်ပါပြီ။
ရန်ကုန်လို မြို့ကြီးပြကြီးမှာရှိတဲ့ ရေကစားမဏ္ဍပ်
စင်ပေါ်မှာတော့ အကြိုနေ့ထဲက ရေစပက်ကြ
တယ်။ တချို့ကျ မဏ္ဍပ်ထိုင်ပြီးအများစုကတော့
အမိုးဖွင့်ကားတွေနဲ့ ရေပတ်ခံထွက်ကြတယ်။
တစ်နှစ်ထက် တစ်နှစ်ပိုပြီးဆန်းသစ်တဲ့ဖျော်​ဖြေ
ရေး အစီစဥ်တွေနဲ့အတူ ရန်ကုန်မြို့ပေါ်သကြင်္န်
က ဆူညံ့ပွတ်လောရိုက်နေပြီ။

ဒါပေမယ့် ဇာနည် တို့ရဲ့ ငါးထန်တောရွာ သကြင်္န်ကတော့ ခါတိုင်းနှစ်တွေလိုပဲမပြောင်းလဲပါ။
အကြိုနေ့မှာရွာထဲရှိ မိန်းမပျိုများနဲ့ နံ့သာသွေးပွဲ
လုပ်ပြီး ဘုရားမှာကပ်ကြတယ်။ ပြောင်းလဲ
သွားတာဆိုလို့အရင်နှစ် ရွာသကြင်္န်တုန်းက ဂုဏ်
ရှိနေခဲ့ပြီး ဒီနှစ်သကြင်္န်မှာတော့ ရှိမနေခဲ့ပါ။

ဂုဏ်နတ်ရှိန် တစ်ယောက် ၁၂ လပိုင်းထဲက
ရန်ကုန်ပြန်သွားခဲ့တာ ဒီနေ့အချိန်ထိ
ပေါမလာခဲ့ပါ။ အစကတော့ ဂုဏ် စာမေးပွဲ
ဖြေတဲ့သတင်း ဦးနတ်ဂုဏ်ရှင် ဆီက
ကြားလို့ ဇာနည် စိတ်အေးခဲ့ရတယ်။ ပြီးနော
က် စာမေးပွဲကာလအတွင်း ဂုဏ် ဆီ
ကို ဇာနည် ဖုန်းဆက်ခဲ့ပါသေးတယ်။ ဒါပေ
မယ့် ဂုဏ်နတ်ရှိန် ရဲ့ ဖုန်းက စိတ်ပိတ်
ထားလို့ အဆက်သွယ် မရခဲ့ပါ။ နောက်ပိုင်း
ဦးစိုးငယ် ပြန်ပြောမှ ဂုဏ် ဖြေနိုင်တဲ့
အကြောင်း ဇာနည် တစ်ဆင့်သိခဲ့ရတယ်။

ပြန်သွားသွားချင်းတုန်းက မသိသာပေမယ့်
စာမေးပွဲပြီးတာတောင် ဂုဏ် အဆက်
သွယ်မလုပ်တော့ ဇာနည် စိတ်မကောင်းဖြစ်
မိတယ်။ ပိုဆိုးတာ ဇာနည် က Social
Media မသုံးတော့ ဂုဏ် ကို တစ်ခြားနည်းနဲ့
ဆက်သွယ်လို့ကလဲ မရပါ။ ဒါကြောင့်
ထိုက် တို့ အတွဲကို အကူ ညီတောင်းပြီး ဂုဏ် Facebook Acc ထဲကို ဇာနည် ဝင်ကြ
ည့်ခိုင်းခဲ့တယ် ။ဒါပေမယ့် ဇာနည် ပြန်သိခဲ့ရ
တာက ဂုဏ် Facebook Acc ကို ဖျက်
ထားတယ်ဆိုတာပါ။

*အော်... ညီချေရယ်... အစ်ကို့ကို
တကယ်ပဲ စိတ်ဆိုးသွားတာပါလား*

ဂုဏ် ပြန်သွားတော့ လွယ်အိတ်တစ်လုံးနဲ့
အရေးကြီးပစ္စည်းတချို့ပဲသယ်သွားခဲ့တယ်။
ဒါကြောင့် အခန်းထဲဝင်လိုက်လို့ ဂုဏ် ပစ္စ
ည်းတွေမြင်တိုင်း ဇာနည် သတိရနေမိတယ်။
အဲဒီလို သတိရလို့ ခြံထဲဆင်းမယ်လုပ်တော့
လည်း ဂုဏ် မွေ့နေ့ညက သီချင်းသံကိုပဲ ဇာ
နည်ပြန်ကြားနေရတယ်။ မသိစိတ်က နာကျင်
နေပြီး အလိုမကျဖြစ်နေတော့ ဒီနှစ် သကြင်္န်
မှာ ဇာနည် ပြုံးပြုံးရွင်ရွင်နဲ့ ရှိမနေပါ။ ပြီးနော
က် သကြင်္န်အကျနေ့ ရေလောင်းမဏ္ဍပ် မှာ
သူ့ကို ဘယ်သူမှရေမလောင်းရဘူးလို့ ဇာနည်
က ကြိုပြောခဲ့တယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now