(Ep-20)

5.3K 305 15
                                    

ဧပြီလ၂၆ရက်နေ့၊ မွေ့ဇာနည် ၏ အသက် ၂၅ နှစ်
ပြည့် မွေးနေ့ဖြစ်သည်။ ထို့ကြောင့် ဘုရား
အာရုံဆွမ်းကပ်ရန် မနက်အစောကြီးထ၍ ကိုယ်တိုင် ချက်ပြုတ်နေသည်။ ခဏအကြာ အားလုံး
ပြင်ပြီးသွား၍ ဇာနည် အပေါ်ထပ်အခန်းဆီ ပြန်ကာ
အဝတ်စားသွားလဲသည်။ ဇာနည် တစ်ယော
က် ဦးစိုးငယ် မွေးနေ့ လက်ဆောင် ပေးထားသော အသားရောင် လည်ကတုံး အင်္ကျီကို အညို
ရောင် ပုဆိုး ဖြင့် တွဲဖက်ဝတ်ဆင်လိုက်ပါသည်။ထို့နောက် ဇာနည်  ဘုရားခန်းထဲဝင်သွားကာ
ဆွမ်း၊ပန်း၊ရေချမ်းများ ကပ်လှုူ ပူဇော် ကန်တော့
ခဲ့သည်။

အားလုံးကြားကြားသမျှ
အမျှ ... အမျှ... အမျှ
ယူတော်မူကြပါကုန်တော်
သာဓု... သာဓု... သာဓု

ဇာနည် က သူပြုခဲ့တဲ့ ကုသိုလ်ကောင်းမူ့
တွေကို အနီးနားရှိ မကျွတ်မလွတ်သေးသော သရဲ၊တစ္စေ၊ပြိဿာ၊အသူရကယ် စတဲ့သူများအ
တွက် ရည်စူးပြီး အမျှတမ်း ပေးဝေခဲ့တယ်။ ပြီးနော
က် ၇ရက်သား၊သမီးများနဲ့ နတ်မြတ်ဒေ
ဝါများကိုပါ ဇာနည် ဆုတောင်း မေတ္တာပို့သခဲ့တယ်။ခဏကြာတော့ ဇာနည် လည်း ဘုရားဝတ်
ပြုပြီးသွားလို့ အပြင်ဘက်ကိုပြန်ထွက်လာခဲ့တယ်။
အဲအချိန်မှာ သူ့အခန်းထဲက ဖုန်းသံကြား
လို့ ဇာနည် အခန်းဝင်ပြီး ဖုန်းသွားကိုင်လိုက်တယ်။

"ဟယ်လို ..."

"မောင်ဇာနည်... ဦး နတ်ဂုဏ်ရှင် ပါ"

"အော် ... ဟုတ်ကဲ့ပါ ဦး"

"အေး ... Happy Birthday
မောင်ဇာနည် ...
မွေးနေ့မှာ ပျော်ရွင်ပါစေကွာ"

ဇာနည် တစ်ယောက် ဦးနတ်ဂုဏ်ရှင်ဆီက
မထင်မှတ်ဘဲ BD Wish လုပ်တာ
ခံလိုက်ရတော့ အံ့သြဝမ်းသာသွားတယ်။

"ဗျာ... အော်... ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ် ဦး"

"သားရှိန် က ဒီနေ့မောင်ဇာနည်
မွေးနေ့လို့ ပြောလို့
ဦး BD Wish လှမ်းလုပ်တာပါ"

"ဟုတ်ကဲ့ပါ ဦး"

"အေး... ဦးလေး ရှေ့အပတ်ထဲ
ရွာကိုဆင်းလာမှာ... မောင်ဇာနည်
မွေးနေ့လက်ဆောင် ဘာလိုချ
င်လဲ... ဦးလေး ဝယ်လာခဲ့မယ်လေ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Unde poveștirile trăiesc. Descoperă acum