(Ep-1)

21.7K 952 57
                                    

Unicode
💗💗💗💗

(အပိုင်း ၁)

ရန်ကုန်မြို့အတွင်းရှိနာမည်ကြီး
အိမ်ယာတစ်ခုအတွင်းက ခြံဝန်း
ကျယ်ကြီးထဲတွင် Partyပွဲတစ်ပွဲ ကျင်းပနေသည်။ ထိုပွဲသည် နာမည်
ကြီး N.G ကုမ္မဏီ က CEO ဦးနတ်ဂုဏ်ရှင်၏ဒုတိယအိမ်ထောင်နှင့်လက်ထပ်သည့်ပွဲဖြစ်သည်။

ဦးနတ်ဂုဏ်ရှင် သည် အသက် ၅၂ နှစ်ရှိနေပြီဖြစ်သော်လည်း ဇရာရော၊ရူပါ ပါ မကျသေးပေ။ သူ၏ ခန့်ညားမူ့နှင့် ကြွယ်ဝ ချမ်းသာမူ့ကို
လိုချင်သည့်မိန်းမများတန်းစီနေ၏။

ထိုကဲ့သို့ရွေးချယ်စရာတွေများသည့်အထဲမှာမှ ဦးနတ်ဂုဏ်ရှင် က ဒေါ် ခင်သက်ခိုင်ဆိုသောအမျိုးသမီးကိုရွေးချယ်ခဲ့သည်။

ခင်သက်ခိုင် နှင့် ဦးနတ်ဂုဏ်ရှင် က အသက် ၅နှစ်ကွာကာ ကုမ္မဏီတွင် လုပ်ငန်း သဘောအရပတ်သတ်မူ့
ရှိကြသည်။ ထို့နောက် ဦး နတ်ဂုဏ်ရှင် ၏ ပထမဇနီးဆုံးပြီး၂နှစ် အကြာ
တွင် လက်ထပ်ခဲ့တာကြောင့် လူပြော
များသည့် ပွဲတစ်ပွဲဆိုလည်း မမှားပေ။

ဦးနတ်ဂုဏ်ရှင် က ဇနီးအသစ်
လေးကို သူ့မိတ်ဆွေတစ်ချို့
နဲ့ မိတ်ဆက်ပေးရင်း ခြံထဲတွင် ပျော်ပျော်ပါးပါးစားသောက်နေ
တယ်။ အဲဒီမြင်ကွင်း ကို နှစ်ထပ်
တိုက်ရဲ့အပေါ်ဆုံးထပ်ထောင့်စွန်း
အခန်းက လူလတ်ပိုင်းအရွယ်
ကောင်လေးတစ်ယောက်မျက်မှောင်
ကြုတ်ပြီး လှမ်းကြည့်နေလေတယ်။

ထိုကောင်လေး က ရှပ်အင်္ကျီ အဖြူ ကော်လန် လက်ရှည် နှင့် စတိုင်ပင် ဘောင်းဘီနက်ပြာရောင်ကိုလည်သာ
ရှုးဖိနပ်တစ်ရံဖြင့်တွဲဖက်ဝတ်ဆင်ထား
သည်။ ထိုသူက ဦးနတ်ဂုဏ်ရှင်၏ ပထမဇနီး ဒေါ်မြတ်မွန် နှင့် ရခဲ့သည့် တစ်ဦးတည်းသော သားမောင်ဂုဏ်နတ်
ရှိန်ဖြစ်သည်။ အရပ် က ၆ပေ၊ အသား
ဖြူဖြူ၊ မျက်လုံးမျက်ခုံးနက်နက် နှင့် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်၏။

ဒေါက်...ဒေါက်...ဒေါက်... !

ရုတ်တရက် အခန်းတံခါး ခေါက်သံ ကြား၍ ဂုဏ်နတ်ရှိန် လှည့်ကြည့်
လိုက်ရာ အခန်းအဝတွင် အသက် ၄၀ ကျော် ဝဝပုပု မိန်းမကြီးတစ်ယောက် ရပ်နေ၏။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now