(Ep-9)

6.3K 394 5
                                    

အော်... အီး... အီး... အွတ်

မနက်စောပိုင်းလေးနာရီအချိန်တွင် ကျေးငှက်
သရကာ အသံတို့နှင့်အတူ ကြက်တွန်သံ
ဟာ တပြိုက်နက် ပေါ်ထွက်လာခဲ့သည်။ မွေ့ဇာနည် တစ်ယောက် ကြက်သွန်သံကြား
သည်နှင့်တစ်ပြိုင်နက် အိပ်ယာကနိုးထလာ
ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယနေ့က
စျေးနေ့ဖြစ်၍ ဇာနည် စျေးသွားဖို့စောစော
ထပြင်ဆင်ရတော့မည်။ ထို့ကြောင့်ဇာန
ည် ရေလဲပုဆိုးလဲဝတ်ကာ ပခုံးပေါ် တဘတ်တင်၍ ဂေဟာနောက်ဘက်ကြောင်အိမ်
လှေခါးကနေ ​ခြံထဲကို ဆင်းသွားခဲ့သည်။

ထို့နောက် အများသုံးရေချိုးကန်တွင်ဇာနည်
မျက်နှာသစ်၊ သွားတိုက် ၊ရေအမြန်ချိုးလို
က်သည်။ခဏအကြာ ရေချိုးပြီးသွား၍ ဇာ
နည်လည်း ကြောင်အိမ်လှေခါးကနေ သုံး
ထပ်က သူ့အခန်းဆီ ပြန်တက်သွားခဲ့သည်။

အရင်က ဇာနည် လည်း သူများတန်းတူ
နှစ်ယောက်တစ်ခန်းပေါင်းပြီး နေခဲ့ရတယ်။
နောက်ပိုင်းကျ ဂေဟာမှာလူလတ်ပိုင်း အ
ရွယ်ယောင်္ကျားလေးတွေနည်းသွားတဲ့အပြင်
ကလေးတွေကို စာသင်ပေးတဲ့ဆရာဖြစ်
တာမို့ ဦးစိုးငယ်က ဇာနည်ကို သီးသန့်အခန်း
ပေးခဲ့တယ်။ ဇာနည် သူပိုင်တဲ့ အခန်းထဲ
ရောက်တော့ ရေစိုနေတဲ့ သူ့ခန္ဓာကိုယ်ကို တဘတ် နဲ့ သုတ်နေလေတယ်။ အဲအချိန်မှာ
ငပလီဟိုတယ်အခန်းထဲ ဇာနည် ရေချိုးခန်း
ထဲကထွက်လာတော့ ဂုဏ်နတ်ရှိန် နဲ့ ဆုံခဲ့
တဲ့ အခိုက်အတန့်ကို ပြန်သတိရသွားခဲ့တယ်။
ပြီးနောက် အဖြစ်အပျက် က ရယ်စရာ
ကောင်းနေလို့ ဇာနည် ခေါင်းတခါခါ နဲ့ ပြုံးလို
က်ပါတော့တယ်။

"အဟမ်း... အဟမ်း"

ရုတ်တရက် ချောင်းဟန့်သံ ထွက်လာ၍
ဇာနည် အတွေးများရပ်တန့်သွားကာ
နောက်လှည့်ကြည့်လိုက်သည်။ ဇာနည်
ဝင်လာတုန်းက တံခါးစေ့ရုံမျှထား
ခဲ့၏။ ထို့ကြောင့် လှမ်းကြည့်လိုက်သည့်
အခါ တံခါးဝတွင် ညိုဇော်တို့ရပ်
နေတာကို တွေ့လိုက်ရသည်။ ထို့နောက် ဇာနည်  ပခုံးပေါ် တဘတ်တင်ကာ
တံခါးနားကိုလျှောက်သွားလိုက်သည်။

"ညီချေရို့ နိုးပါပြီလား"

"ဟုတ်ကဲ့ပါ ဆရာလေး...
ကျွန်တော်ရို့လည်းအခုပဲနိုးတာ
စျေးသွားဖို့ပြင်ဆင်မလို့....
အဲတာ ဆရာလေးအခန်း ပွင့်နေ
တာတွေ့တာနဲ့ ဆရာလေး
ရောနိုးပြီလား...လာကြည့်တာပါ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now