ကျွန်တော်ချစ်သောမွေ့ (S2_9)

2.2K 146 7
                                    

ဂုဏ်နတ်ရှိန် ရေမိုးချိုး အဝတ်စားလဲပြီးနော
က် ဟိုတယ် အောက်ကို ဆင်းလာခဲ့
ပါတယ် ။ အောက်ရောက်ရောက်ချင်း အပြုံး
နဲ့ကြိုဆိုနေတဲ့ ဇာနည် ကို ဂုဏ် တွေ့
လိုက်ရတယ်။ ဒါပေမယ့် ဂုဏ် မနှုတ်ဆက်
ဘဲ ခပ်တည်တည်နဲ့ ဟိုတယ်အပြင်
လမ်းမဆီ တစ်ယောက်ထဲထွက်လာခဲ့တယ်။

"ညီချေ... ဂုဏ်လေး... ခဏနေပါအုံး"

ဇာနည် တစ်ယောက် ဂုဏ် က သူ့ကို တွေ့ရက်သားနဲ့ မနှုတ်ဆက်ဘဲ ရှေ့ဆက်
လျှောက်သွားတာမို့​ အနောက်ကနေ လိုက်
ခေါ်ပါတော့တယ်။ အဲဒီလိုနဲ့ ဟိုတယ်
အပြင်ဘက်ရောက်တော့ အငှားယာဥ်တွေ
ရပ်တဲ့နေရာမှာ ဂုဏ် က Taxi တစ်စီး
ကို ငှားဖို့ စျေးစကားပြောနေတယ်။ ပြီးနော
က် ခဏအကြာ ဂုဏ် ကားနောက်ခန်း
တံခါးကို ဆွဲဖွင့်လိုက်တယ်။

"တက်... "

အနောက်မှာပါလာတဲ့ ဇာနည် ကို ကားပေါ်တက်ဖို့ တစ်ခွန်းပြောပြီး ဂုဏ် က ကား
ညာဘက်ခြမ်းကို လျှောက်သွားခဲ့တယ်။ ပြီးနောက် ညာဘက် နောက်ခန်းတံခါးကို
ဆွဲဖွင့်ပြီး ဂုဏ် ဝင်ထိုင်လိုက်တယ်။ ဒါပေမယ့် ဇာနည် ကတော့ ကားပေါ်တက်မထို
င်သေးဘဲ ဂုဏ် လှုပ်ရှားမူ့ကိုသာလိုက်ကြ
ည့်နေခဲ့တယ်။

"ဟ ... ဘာရပ်လုပ်နေတာလဲ
ကိုယ့်ကောင်လေးမျက်နှာကို
မမြင်ဖူးလို့ ရပ်ကြည့်နေတာလား... "

"ဟင်... "

"အနောက်မှာကားတွေပါတယ်
အမြန်တက်လေ... "

"အော်... အင်းအင်း"

ဂုဏ် နောက်တစ်ကြိမ် ခေါ်လိုက်တော့မှ
ဇာနည် လည်း ကားထဲအမြန်ဝင်ထိုင်
လိုက်တယ်။ ပြီးနောက် ဂုဏ် အသင့်ဖွင့်
ပေးထားတဲ့ ကားတံခါးကို ပြန်ဆွဲပိတ်
လိုက်တယ်။ အဲအချိန်မှာ ဂုဏ် က ကား
သမားကို စင်ကာပူ ရှိ လူစည်တဲ့ကစား
ကွင်းတစ်ခုဆီမောင်းဖို့ပြောလိုက်တယ်။

အစကတော့ ဇာနည် က သူတို့အရွယ်နဲ့
ဘာလို့ကစားကွင်းသွားမှာလဲ ဆိုပြီး
ပြောဖို့ စိတ်ကူးခဲ့သေးတယ်။ ဒါပေမယ့်
ချစ်ရသူမျက်နှာမကောင်းတာမို့ ဘာ
မှမပြောဘဲ ငြိမ်လိုက်သွားပါတော့တယ်။
အဲဒီလိုနဲ့ ဟိုတယ်ကနေ ထွက်ခွာခဲ့စဥ်
ကတည်းက လမ်းတစ်ဝက် ရောက်တဲ့အ
ထိ ဂုဏ် စကားတစ်ခွန်းမှ မပြောပါ။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Tempat cerita menjadi hidup. Temukan sekarang