(Ep-22)

4.4K 267 6
                                    

"အဟမ်း... အဟမ်း"

ဇာနည် တစ်ယောက် ဦးနတ်ဂုဏ်ရှင် ကို
တွေ့တော့ထိုင်ရာကထရပ်ပြီး
လက်အုပ်နှစ်ဖက်ချီလို့ အရိုသေပေးနှုတ်
ဆက်လိုက်ပါတယ်။

"ဦးလေး... မင်္ဂလာပါ"

ဇာနည် နှုတ်ဆက်လာတော့ ဦးနတ်ဂုဏ်ရှင်
ကလည်း ပြုံးပြီးပြန်နှုတ်ဆက်လာတယ်။

"အေး... မင်္ဂလာပါ
ဟို... ဦး... သားရှိန်နဲ့ နှစ်ယောက်ထဲ
စကားပြောချင်လို့... "

"အော်... ဟုတ်ကဲ့ပါ... ပြောပါ ဦး
ကျွန်တော်လည်း လုပ်စရာ
ရှိသေးလို့သွားခွင့်ပြုပါအုံး ခင်မျ"

ဇာနည် က ဂုဏ် မျက်နှာကို တစ်ချက်
လှည့်ကြည့်ပြီး အောက်ထပ်ကို ပြန်ဆင်း
သွားခဲ့တယ်။ ဇာနည် ဆင်းသွားတော့
ဂုဏ် လည်း ထိုင်ရာကထလာပြီး အောက်
ထပ်လိုက်ဆင်းဖို့ လုပ်တယ်။ အဲအချိ
န်မှာဦးနတ်ဂုဏ်ရှင် က ဂုဏ် ရဲ့ လက်မော
င်းကို လှမ်းဆွဲပြီး စကားစလိုက်တယ်။

"ဖေဖေ တောင်းပန်ပါတယ်"

"..."

"ဖေဖေ သားရဲ့ ခံစားချက်တွေကို
ဂရုမစိုက်သလို ဖြစ်ခဲ့ရင်
ဖေဖေဘက်ကတောင်းပန်ပါတယ်"

"ရပါတယ်... ဘာမှမဖြစ်ပါဘူး
ကျွန်တော်က နေသားကျနေပါပြီ"

"..."

"ဖေဖေ အဲဒီမိန်းမ ကို ချစ်တယ်
မလား... ဖေဖေ ရဲ့ ရွေးချယ်မူ့ က
ဖေဖေ ကို စိတ်ချမ်းသာစေတ
တယ်ဆိုရင် ရပါပြီ... ကျန်တာဖေ
ဖေဘဝအတွက် အရေးမကြီး
ဘူးမလား...ဂရုစိုက်မနေပါနဲ့တော့"

ဂုဏ် ရဲ့ စကားကိုကြားပြီး ဦးနတ်ဂုဏ်ရှင်
တစ်ယောက် ဘာမှပြန်မပြောနိုင်ပါ။
သားဖြစ်သူကို ကြည့်ပြီး ရင်ထဲမကောင်း
ဖြစ်လို့ကြိတ်ဝမ်းနည်းနေလေတယ်။

"ဒါပေမယ့် ကျွန်တော် တစ်ခုတော့
တောင်းဆိုပါရစေ... "

"..."

"နောက်လ ဂေဟာအသစ်ဖွင့်ပွဲ
ကျရင်တော့ ဖေဖေ မိန်းမ
ကို မခေါ်လာပါနဲ့ ... ခုလိုပြော
တာကလည်း ဖေဖေ ဇနီး၊
ကျွန်တော် မေမေ ရဲ့နောက်ဆုံး
ခရီးကို ဖြောင့်ဖြောင့်တန်း
တန်းသွားစေချင်တဲ့ ဆန္ဒနဲ့ပါ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now