Unicode
💌💌💌အပိုင်း ၂
မှောင်မိုက်နေသည့်ညတစ်ည၊ အုန်းပင်တွေသာရှိသောတောအုပ်ကြီးတစ်ခုအတွင်းတွင်ဖြစ်သည်။
ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့လား။
ဒါမှမဟုတ် တောင်ဘက်က အရှိန်ဖြင့် တိုက်ခက်လာသည့်လေစိမ်းတွေကြောင့်လား မသိ။ ဂုဏ်နတ်ရှိန် ကျောချမ်း
သလို ခံစားရကာ နောက်လှည့်ကြည့်၊
လှည်ကြည့်ဖြင့် ရှေ့ဆက်လျှောက်လာခဲ့
သည်။ရှေ့ဆက်လျှောက်ရမယ့်လမ်း
တွင်လည်း မြူတွေလို အငွေ့တွေ ပျံ့နှံ့
နေ၍ ဂုဏ်နတ်ရှိန် စမ်းတဝါးဝါး ဖြစ်နေသည်။"သားရှိန်..."
ရုတ်တရက် ဘယ်ကလာမှန်း မသိသည့် အသံ။ ဂုဏ် တစ်ယောက် သူ့ နာမည် ခေါ်သံကိုကြားလိုက်တာကြောင့် ခြေလှ
မ်းများ ရပ်တန့်သွားခဲ့သည်။ ထို့နောက်
အနီးတစ်ဝိုက်ကို ဂုဏ် ဝေ့ကြည့်လိုက်
သည့်အခါ သက်ရှိနှင့် တူတာ ငှက်လေး တစ်ကောင်တောင်မရှိပေ။ ထို့ကြောင့် ဂုဏ် လည်း သူစိတ်ထင်တာနေမှာပါ ဟု
တွေးကာ ရှေ့ဆက်လျှောက်ဖို့ဟန်ပြင်
လိုက်၏။ ထိုအချိန်တွင် မြူတွေကြားထဲ
အဖြူရောင်ဝတ်စုံဖြင့်ရပ်နေသည့် အ
မျိုးသမီးတစ်ဦးကို ဂုဏ် အမှတ်မထင်
လှမ်းတွေ့လိုက်ရသည်။"အား... "
ရုတ်တရက်ဆိုတော့ ဂုဏ် လန့် သွားပြီး
လှမ်းမယ့်ခြေလှမ်းတွေတောင်
တွန့်ဆုတ်သွားခဲ့ရတယ်။ ပြီးနောက် မီး
အိမ်မကိုင်ထားတဲ့ ကျန်လက်တစ်
ဖက်နဲ့ ဂုဏ် သူမျက်နှာကို တစောင်းပုံစံ
လေး ကာထားလိုက်ပါတယ်။"သားရှိန် ... မကြောက်ပါနဲ့ ...
မေမေ ပါ... "တစ်ဖက်က ထွက်လာသော စကားထဲ
တွင် အမေ ပါ ဟု ကြားလိုက်ရ၍ ဂုဏ် ခဏတွေဝေသွားသည်။ ထို့နောက် ဂုဏ် က သူ့အရှေ့တွင်ရပ်နေသည့်အမျိုးသမီး ကို လက်ကြားထဲကနေ မဝံ မဝံ့မရဲ ကြ
ည့်လိုက်၏။ ထိုအချိန် ဂုဏ် မြင်လိုက်
ရတာက မြူတွေကြားထဲ အဖြူရောင်
ဝမ်းဆက်ဖြင့် ပြုံးပြုံးကြီးရပ်နေသည့် ဒေါ်မြတ်မွန် ကိုပင် ။"မေမေ ..."
"သားလေး ... သားရှိန် "
"ဟင် ... မေမေ က သေသွားပြီ
မဟုတ်လား...
ဘာဖြစ်လို့ ဒီမှာရှိနေရတာလဲ"
आप पढ़ रहे हैं
ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)
रोमांसအစ်ကိုမွေ့ က ကျွန်တော် ဘဝ ကို နူးညံ့ညင်သာစွာလမ်းပြပေးနိုင်ခဲ့တဲ့သူပဲ အစ်ကိုမွေ့ကို ကျွန်တော်ရှိုက်တယ် (ဂုဏ်နတ်ရှိန်)🐯 ဘယ်သူမဆို ကိုယ်ချစ်တဲ့သူ ကိို ကောင်းတာတွေပဲ ဖြစ်စေချင်တာ... အစ်ကို လဲ ညီချေ ကို အဲလိုပဲ ဖြစ် စေချင်တယ်"...