ကျွန်တော်ချစ်သောမွေ့ (S2_11)

2.3K 131 3
                                    

စင်ကာပူ ရောက်ပြီး ၃ ရက်မြောက်တဲ့နေ့
နေ့လည်ပိုင်း ဂုဏ် တို့ ရုပ်ရှင် သွားကြ
ည့်ခဲ့ကြတယ်။ ပြီးနောက် ညနေစာကို ဟို
တယ်နားက စားနေကျ ထမင်းဆိုင် မှာ
ဝင်စားကြပါတယ်။

"အကိုမွေ့ ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး ဂုဏ်လေးရဲ့
ဂုဏ်လေးရော စားလို့ကောင်းရဲ့လား"

"ကောင်းပါတယ်
အကိုမွေ့ရော ဘာထပ်ယူအုံးမလဲ"

"တော်​ပြီ ... အကို ဗိုက်ဝသွားပြီ"

ဇွန်း၊ ခရင်း ကို ပန်းကန်ပေါ်ပြန်ချပြီး
ဇာနည် ဘေးနားရှိ ရေခွက် ကို
လှမ်းယူ မော့သောက်လိုက်ပါတယ်။
ပြီးနောက် ဘောင်းဘီအိပ်ကပ်
ထဲက ဖုန်းကိုဆွဲထုတ်ပြီး -

"ဆေးရုံ မှာ အဆင်ပြေကြရဲ့လား
မသိဘူး ... ဦးလေးဆီ အကို
ဖုန်းဆက်မေးလိုက်ပါအုံးမယ်နော်"

"ဟုတ်... မေးလေ... ဒါပေမဲ့ နော်
ဆေးရုံ ထပ်စောင့်ခွင့်တော့ မပြုနိုင်ဘူး"

"အင်းပါ ဂုဏ်လေးရဲ့... "

ဇာနည် ပြောပြီး ဦးနတ်ဂုဏ်ရှင် ဆီ ဖုန်း
ဆက်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ
အချိန်မှာ ဦးနတ်ဂုဏ်ရှင် က အရေးကြီး
အလုပ်ကိစ္စရှိလို့ Hotel ခဏ ပြန်ရော
က်နေတယ်။ ဒါကြောင့် ဆေးရုံမှာ ကျန်
နေခဲ့တဲ့ ခိုင်မင်းခန့် ဆီ ဆက်ဖို့ ဦးနတ်
ဂုဏ်ရှင် က ဇာနည် ကို ပြောခဲ့တယ်။

"ဟုတ်ကဲ့ပါ ဦးလေး ...ကျွန်တော်
တို့လည်း ဟိုတယ်နားပြန်ရောက်နေပါပြီ...
ခဏနေ တက်လာတော့မှာပါ...အဲ
ဒါ မတက်ခင် ဆေးရုံမှာ ဘာများ လိုအပ်
သေးလဲ။ အဆင်ပြေရဲ့လားလှမ်း
မေးကြည့်တာပါ... ရပါတယ် ... ဒါဆို အ
ကိုကြီးဆီပဲ ကျွန်တော် ဆက်မေး
လိုက်ပါမယ်... ဟုတ်ကဲ့ ဦးလေး...ကျွန်
တော် ဖုန်းချလိုက်ပါပြီ"

တီ... တီ... တီ...

"ဘာဖြစ်လို့လဲ အကိုမွေ့
Daddy က အခုဘယ်မှာတဲ့လဲ"

"ဦးလေးက အလုပ်ကိစ္စ
Mail ပို့စရာရှိလို့ အခု Hotel
ကို ပြန်ရောက်နေတာ... "

"အော်... "

"အဲဒါ အကိုခိုင် ဆီပဲ ဆက်လိုက်တော့မယ်"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now