ကျွန်တော်ချစ်သောမွေ့ (S2_8)

2.1K 142 15
                                    

နေ့လည် Flight ဖြင့် ဂုဏ် နှင့် ဇာနည်
စင်ကာပူ လေဆိပ် သို့ ရောက်ရှိလာခဲ့
ကြသည်။

"ညီချေ"

ဧည့်ကြိုတွေ ရပ်စောင့်နေသော နေရာ၌
ရပ်နေသည့် လူတစ်ဦး၏ လှမ်းခေါ်သံ။
ထိုသူကအရပ်ရှည်ရှည်၊ အသားဖြူဖြူ
ကောင်လေး တစ်ယောက်ဖြစ်ကာ ဒေါ်
ခင်သက်ခိုင် ၏ တူလေး ခိုင်မင်းခန့် ဖြစ်
သည်။

ဇာနည် တစ်ယောက် သူ့ကို လက်ပြနှုတ်
ဆက်နေတဲ့ ခိုင်မင်းခန့် ကို တွေ့တော့
ချက်ချင်း လက်ပြပြန်နှုတ်ဆက်လိုက်တ
ယ်။ ဂုဏ် ကတော့ ခိုင်မင်းခန့် ကို သိ
လည်းမသိသလို၊ တစ်ခါမှ မမြင်ဖူးတော့
ဇာနည် လက်ပြနှုတ်ဆက်နေတာကို
ဘေးကနေ ကြောင်ပြီးရပ်ကြည့်နေတယ်။
ပြီးနောက် အဝတ်တင်ထားတဲ့တွန်း
လှည်းကို တွန်းပြီး ခိုင်မင်းခန့် ရပ်နေတဲ့ နေ
ရာဆီသို့ ဇာနည် က ဦးဆောင်ထွက်
လာခဲ့ပါတယ်။

"အကိုကြီးပါလား... ဦးလေးက အကြို
လွှတ်လိုက်မယ်လို့ မပြောထားပါဘူး"

ဇာနည် စကားကြောင့် ဂုဏ် စိတ်ထဲ ခိုင်မင်း
ခန့် ကို သူ့အဖေ ရုံးက ဝန်ထမ်း
တစ်ယောက်လို့ ထင်သွားခဲ့တယ်။ ဒါကြော
င့် ဘာမှဝင်မပြောဘဲ ဘေးက ရပ်
နားထောင်နေလိုက်တယ်။

"ဟုတ်ပါတယ်။ ဦးလေး က ညီချေရို့
အဆင်မပြေမှာစိုးလို့ အကို့ ကို
အကြိုလွှတ်လိုက်တာပါ။ ပြီးတော့
ဆေးရုံမှာ ဦးလေး စောင့်နေမှ
​ ဖြစ်မှာမို့ အကို ပဲ လာခဲ့လိုက်တာပါ"

"အကိုကြီးရယ် လာမကြိုလည်း ရပါတယ်
ဟိုတယ် ကို ကျွန်တော် သိနေတဲ့ဟာ။
အဆင်ပြေသလို ကြည်ပြီး သွားလိုက်လို့ ရ
နေတာပဲကို"

"ညီချေ သိတာ သိပါတယ်
ဒါပေမယ့်... "

ခိုင်မင်းခန့် က ပြောနေရင်း ဂုဏ်နတ်ရှိန် ကို လှမ်းကြည့်လိုက်တယ်။

"အကိုမွေ့ ကလဲ လာကြိုတဲ့သူက
ကြိုနေပြီပဲကို... ပိုတောင်မှ အဆင်
ပြေသေးတယ် မဟုတ်လား။ ဒါနဲ့
ကျွန်တော်တို့ကို ဘာနဲ့လာကြိုတာလဲ"

ဇာနည် နဲ့ ခိုင်မင်းခန့် စကားဝိုင်းမှာ
ဂုဏ်နတ်ရှိန် ကြားဖြတ်ဝင်
ပြောလိုက်တာဖြစ်သည်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Donde viven las historias. Descúbrelo ahora