ကျွန်တော်ချစ်သောမွေ့ (S2_13)

2.2K 117 1
                                    


ဂုဏ် ရေချိုးပြီး အဝတ်အစား လဲတာ စောင့်
နေရတာနဲ့ Pool Party ကို နည်းနည်းနောက်
ကျမှရောက်သွားခဲ့ကြတယ်။ ညပိုင်းပွဲကိုတော့ ဦးစိုးငယ် က လူငယ်တွေ လွတ်လွတ်လပ်လပ် ပျော်ရအောင်ဆိုပြီး မလိုက်ခဲ့ပါ။
ဒါကြောင့် ဂုဏ် တို့ လူငယ်တွေကြည့် ကားတစ်စီးထဲ စုပြီး ထွက်လာခဲ့ကြတယ်။

Party ပွဲထဲရောက်တော့ သီချင်းသံများနဲ့ ဆူညံနေပြီး ကတဲ့သူ က၊ တချို့
ရေကူးကန်ထဲမှာ ဆော့ကစားနေကြတယ်။

"ဟော... ညီချေတို့ ရောက်လာကြပြီ"

ဂုဏ် တို့ အဖွဲ့ ပွဲထဲဝင်လာတာမြင်တော့
ဒီပါနဲ့ထိုက် မင်္ဂလာမောင်နှံ ရောက်လာပြီး
လာနှုတ်ဆက်ကြတယ်။ ပြီးနောက် ဂု
ဏ် တို့ အဖွဲ့ ကို မင်္ဂလာစင်မြင့်နဲ့နီးတဲ့ ဝိုင်း
အလွတ်တစ်ခုဆီခေါ်သွားပေးပါတယ်။

"ကဲ... ဒီဝိုင်းကို လာကြ
စင်နဲ့လည်း နီးတယ်"

"ဟုတ်ကဲ့ အကိုထိုက်"

"Congratulation အကိုကြီးရို့"

ဇာနည် သူ့လက်ထဲက ပန်းစီးကို ဒီပါနဲ့
ထိုက် တို့ရှေ့ ကမ်းပေးလိုက်ပါတယ်။

"ဟော... လုပ်လာပြီ
မလိုပါဘူးဆိုတာကို"

"အကိုကြီးရို့က လက်ဖွဲ့လက်မခံဘူး
လေ... ဒါကြောင့် အမှတ်တရ
ဒီပန်းစီးလေးတော့ လက်ခံပေးပါဗျ"

"ကောင်းပါပြီဗျာ... ကျေးဇူးပါ"

"အော်... ညီချေ ရို့ စားစရာတွေက
ဟိုဘက်နားရှိပါတယ် ... အကုန်ဘူဖေး
စနစ် ​ကြိုက်တာကို ယူစားကြပါ"

"စိတ်ချပါ အကိုကြီး ... အဝ စားမှာပါ..."

"ဒါနဲ့ သောက်စရာရောပါလားဗျ"

ထွန်းလတ် ရဲ့အမေးကို အကုန်အစုံရတယ်
ကိုယ်တိုင်သွားကြည့်ကြည်လို့ ဒီပါ က
ပြန်ဖြေတယ်။ အဲဒါနဲ့ ထွန်းလတ်နဲ့ညိုဇော်
တို့နှစ်ယောက်လည်း စားစရာတွေရှိတဲ့
ဘက် ထွက်သွားခဲ့ပါတယ်။

"ဒါနဲ့ ညီချေ လို့
ဘာရို့နောက်ကျနေကြတာလဲ"

"အင်းလေ... အကို တို့က
ညီလေးတို့ အလာကို မျှော်နေတာ
ဘာလဲ...ကားပိတ်နေလို့လား"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now