(Ep-26)

4.3K 248 10
                                    

လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က ရန်ကုန်မြို့ရှိ
အထက်တန်းကျောင်းတစ်ခုတွင်
ဖြစ်သည်။မုန့်စားဆင်းချိန်ဖြစ်၍ကျောင်းဝန်း
ဝန်းထဲ ကျောင်းသား၊သူများ နေ
ရာအနှံ့အပြားတွင်ဟိုတစ်စုဒီတစ်စုရှိနေ၏။

"အား... "

ကောင်လေးတစ်ယောက် Gas ပါတဲ့
ကိုလာသံဘူးကို ဖွင့်လိုက်ရာ အထဲက
အချိုုရည်များ အပြင်ပန်းထွက်လာ
လို့ လန့်ပြီး အော်လိုက်တာဖြစ်တယ်။
အဲဒီကောင်လေးက အသားဖြူဖြူ၊
ပိန်ပိန်ရှည်ရှည်ခန္ဓာကိုယ်အချိုးအစား
ရှိပြီး မျက်မှန်အမဲအဝိုင်းလေးကို
တပ်ဆင်ထားတယ်။ပြီးနောက် သူ့ အ
င်္ကျီမှာ ပေသွားတဲ့ အချိုရည်တွေ
ကိုလက်တစ်ဖက်နဲ့ ခါထုတ်နေတယ်။

"ဟား... ဟား... ဟား...
ဟား... ဟား... ဟား..."

ထိုကောင်လေးရှေ့တွင် ရပ်နေသော
လူသုံးယောက်၏ရယ်သံပင်။

"ဒါ... မင်းတို့ တမင်လုပ်တာမလား"

မျက်မှန် နဲ့ ကောင်လေးက အအေးဘူးကို
လက်တစ်ဖက်က ထောင်ပြပြီး
မေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ
ဒှအအေးဘူးကို ရှေ့မှာရပ်နေ
တဲ့ သူတွေက လာဖောက်ခိုင်းတာမို့လို့ပါ။

"ဘာကို တမင်လုပ်ရမှာလဲ
ငါတို့က သောက်ချင်လို့
မင်းကိုဖောက်ခိုင်းတာလေ"

"ဒါပေမယ့် အအေးဘူးကို
မင်းတို့ Shake ခဲ့တယ်မလား
ဒါကြောင့် ဖွင့်လိုက်တာနဲ့
အပြင်လျှံ ထွက်လာတာလေ
ဒီမှာ အင်္ကျီတွေစိုကုန်ပြီ"

"အဲဒီတော့မင်းက မကျေနပ်ဘူးလား"

သုံးယောက်အုပ်စုထဲရှိ ကောင်လေး
တစ်ယောက် က မျက်မှန် နဲ့ ကောင်လေးရဲ့
ပခုံးကို တွန်း​ပြီး​​ ပြောလာတယ် ။

"ဟ... မင်း လက်မပါနဲ့နော်"

"ပါတော့ မင်းက ဘာဖြစ်ချင်လဲ"

"ငါရန်မဖြစ်ချင်ဘူး
မင်းတို့ အေးဆေးနေလိုက်"

"မနေဘူးကွာ... "

"မင်းက ဘာကောင်မို့ ငါတို့ကို
အမိန့်လာပေးနေရတာလဲ"

"ဟ... မင်းတို့လက်မပါ... အား... "

မျက်မှန် နဲ့ ကောင်လေးက တစ်ယောက်
ဟိုဘက်က ၃ ယောက် ဆိုတော့
အရွယ်မမျှပါ။ဒါကြောင့် အပြိုင်အဆိုင်
တွန်းကြရင်း နောက်ဆုံးမှာ မျက်
မှန်နဲ့ကောင်လေးပဲ လဲကျသွားခဲ့တယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now