(Ep-7)

6.6K 448 12
                                    

ဒီပါ တို့ ငပလီ ရောက်ရောက်ချင်း ထိုက် တည်း
ချင်တဲ့ ဟိုတယ်ဆီ ဦးတည် သွားပြီး
Reception မှာ အခန်းမေးနေကြတယ်။ ထိုက်
တို့ အခန်းယူနေချိန် ဇာနည် က ဒီဘ
က်နားမှာ အထုပ်တွေနဲ့အတူရပ်စောင့်နေခဲ့တယ်။
အဲဒီအချိန်မှာ တစ်စုံတစ်ယောက်က
အနားရောက်လာတော့ မွေ့ လည်း သူ့ရှေ့လာရပ်
တဲ့သူကို မော့ကြည့်လိုက်ပါတယ်။

"အား ... "

ဇာနည် သူ့ ရှေ့တွင် ရပ်နေသော လူက ဂုဏ်
နတ်ရှိန် ဖြစ်နေ၍ လန့်သွားကာ ထအော်လိုက်သည့်
အသံပင်။ မွေ့ နှင့် ဂုဏ် က လူချင်းတွေ့ဖူး
သော်လည်း အမှတ်တမဲ့မို့ နာမည်တွေ မမှတ်မိကြ
ပေ။ ထို့နောက် ရုတ်တရက် ဆုံကြတာဖြစ်
၍ နှစ်ယောက်လုံး အံ့သြနေကြကာ စကားတွေ အ
ထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်ကြသည်။

"မင်း... မင်း... မင်း ... "

"ဟို... ဆ... ဆရာ...
ဆရာလေး မလား"

ဇာနည်တစ်ယောက် ဂုဏ်နတ်ရှိန် က သူ့ကို
ဆရာလေး ဟု ခေါ်၍ ချက်ချင်းဆိုသ
လို လက်ပိုက်လိုက်သည်။ ထို့နောက် ဂုဏ်
ကို သေချာစိုက်ကြည့်ကာ ခပ်တည်တ
ည်နှင့် ဟုတ်တယ် ဟု ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ... မင်း ကရော
ဦးငယ် ရဲ့ တူ မလား... "

"အင်း ... ဒါနဲ့ နေပါဦး
ခင်များ က ... "

"ဟရောင့် ... မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ"

"ခင်များ လို့ ခေါ်လိုက်တာလေ"

"ငါ မင်းထက်ကြီးတယ်နော်"

"ဟုတ်လို့လား ... ဒါဆို သေချာ
သွားအောင် တစ်ယောက်
ဟာ တစ်ယောက်ပြကြမလား"

"ဘာ... မင်း ဘာစကား ပြောတာလဲ
မက်မရိုင်းနဲ့နော်"

"ဟောဗျာ ... ဘယ်မှာမက်ရိုင်းလို့လဲ
ကျွန်တော်က မှတ်ပုံတင်
ပြကြမလားမေးတာ ... ခင်များ က
ဘာတွေတွေးလဲမသိဘူး"

"မင်း... မင်း... "

အစကတော့ ဂုဏ် က ဆရာလေး လို့
ခေါ်လို့ မွေ့ဇာနည် သဘောကျပြီး ကောင်း
ကောင်း ပြန်ဖြေပေးခဲ့တယ်။ ဒါပေမ
ယ့် နောက်တော့ ဂုဏ် က "ခင်များ" လို့ ခေါ်
တဲ့အပြင် မထိလေးစားနဲ့ ဆက်ဆံတာ
မို့ ဇာနည် စိတ်တိုပြီး ထအော်တော့တယ်။
အဲအချိန်ကျမှ ကောင်တာမှာအခန်ယူ
နေတဲ့ ထိုက် တို့ စုံတွဲလည်း ဇာနည် အသံကို
ကြားပြီး အနားရောက်လာခဲ့ကြတယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now