(Ep-17)

4.8K 303 2
                                    

အကြိုနေ့ည ၊ အိပ်ယာဝင်ခါနီးအချိန် ထိုက်တို့
အတွဲ ဂေဟာအတွင်းရှိ ရေကန်တွင် ခြေ၊
လက်ဆေးကျောပြီး အပေါ်ထပ်ကို ပြန်တက်လာ
ခဲ့တယ်။ ထိုက် တို့ အခန်းကို ပြန်ရောက်
တော့ မွေ့ယာခြေရင်းမှာ ဇာနည် က ငိုင်တိုင်တိုင်
နဲ့ တစ်ယောက်ထဲ ထိုင်နေတယ်။

"ညီချေ... ဘာဖြစ်လို့ပါလဲ
မျက်နှာလည်း မကောင်းပါလား"

"အော် ... ဘာမှမဖြစ်ပါဘူး
အကိုကြီးရို့ ပြီးပါပြီပေါ့
ဒါဆိုကျွန်တော် ခြေလက်
သွားဆေးလိုက်အုံးမယ်"

"အေး... ပြန်တက်လာရင်
ဂုဏ်နတ်ရှိန် ကိုပါ ခေါ်လာခဲ့ပါအုံး"

"အခုသူက ဘယ်မှာပါလဲ"

"အောက်ထပ်မှာ ဖုန်းပြောနေတယ်"

"အော်..."

"..."

"ဒါနဲ့ အစ်ကိုကြီးရို့ကို ပြောအုံးမယ်
ဒီနေ့ကစပြီး ဂုဏ်နတ်ရှိန် နဲ့
ကျွန်တော်ကို အတည်ဖြစ်ဖြစ်၊ နော
က်တာပဲဖြစ်ဖြစ်မစပါနဲ့တော့"

"ဘာလဲ...မနက်က ကိစ္စကြောင့်
ညီချေ ဂုဏ်နတ်ရှိန်
အပေါ်စိတ်ကုန်သွားတာပါလား"

"အစ်ကိုထိုက် ... စိတ်ကုန်ရအောင်
ကျွန်တော်နဲ့သူက ဘာမှမဟုတ်ဘူးလေ
ပြီးတော့ ဂုဏ်နတ်ရှိန်မှာက ကောင်
မလေးရှိတယ် ... အဲတာကို သိကြပါလား"

"သိသားပဲ"

"ဟာ ... ဒါဆိုသိသိရက်နဲ့ ဘာဖြစ်လို့
လိုက်စနေသေးတာပါလဲ
တော်ကြာ ဂုဏ်နတ်ရှိန် ကောင်မလေး
သိရင် မကောင်းဘူးနော်"

"ဘာမကောင်းစရာရှိလဲ
သူတို့က ပတ်သတ်မှူ့မှ မရှိတော့တာ"

"ဗျာ... ပတ်သတ်မူ့မရှိတော့ဘူး
ဆိုတာ ဘာကိုပြောတာပါလဲ"

"ညီလေးဂုဏ်နတ်ရှိန် နဲ့ သူကောင်မလေး
က လမ်းခွဲလိုက်ပြီလို့ပြောတာပါ"

"ဟင်... အစ်ကိုကြီးက
ဘယ်လိုလုပ်ပြီးသိတာပါလဲ"

"ဘယ်လိုသိတာလဲဆိုတော့
ဟိုတစ်ခါ ငပလီ သွားတုန်းကလေ
ညီချေ မနက် အစောကြီး
ထပြန်သွားတာ မှတ်မိတယ်မလား"

"ဟုတ်ကဲ့... "

"အဲတာ ဂုဏ်နတ်ရှိန် သူငယ်ချင်းတွေက
သိတော့ ညီချေပြန်တာ သူ့သူငယ်ချင်း
ကြောင့် ထင်ပြီး အားနာလို့ အစ်ကိုရို့ကို
လာတောင်းပန်တယ် ... အဲမှာ သူရို့က
ဂုဏ်နတ်ရှိန် အကြောင်းကိုပြောပြတာပါ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now