(Ep - 25)

5K 260 12
                                    

အောက်တိုဘာလ ၁၂ ရက်နေ့

ဒီနေ့က ဂုဏ် ရဲ့ ၂၁နှစ်ပြည့်မွေ့နေ့ဖြစ်တယ်။
ဒါကြောင့် ဂုဏ် စိတ်ကူးထားတဲ့အတိုင်း
မနက်စောပိုင်းကို ဘုန်းကြီးကျောင်း သွားပြီး
အာရုံဆွမ်းကပ်ခဲ့တယ်။ဆွမ်းကပ်ပြီး ပြ
န်တော့ ရန်ကုန်က မိဘ ၊ဆွေမျိုးတွေကို ဂုဏ်
Vedio call နဲ့ လှမ်းကန်တော့ခဲ့တယ်။
ပြီးနောက် ဂေဟာရှိ လူအားလုံးကို ကြက်ဆီ
ထမင်း၊ ကျောက်ပွင့်သုပ်နဲ့ ချဥ်ပေါင်ဟင်း
ချို စတာတွေနဲ့ နေ့လည်စာ ကျွေးမွေးခဲ့တယ်။

ညနေစောင်းရောက်တော့လည်း ဂေဟာက
ကလေးတွေပျော်အောင်ဆိုပြီး ဂုဏ် ကနေ
Better Cakes နဲ့ IceCream ထပ်ကျွေး
ခဲ့တယ်။ အဲလိုနဲ့ ဂုဏ် မွေ့နေ့ တစ်မနက်ခင်း
ပိုင်းက ပေါ့ပေါ့ပါးပါး ပြီးသွားခဲ့ပြီး ညဘ
က်အချိန်ကို ရောက်လာခဲ့တယ်။

ဂုဏ် တစ်ယောက် မနေ့ညက ဇာနည် ခေါင်းမူး
လို့ ပွဲစျေးနေရာအနှံ့ မရောက်ခဲ့ရပါ။
ဒါကြောင့် ဒီညထပ်လည်မယ် လို့ ဂုဏ် တွေးပြီး
အစောကြီးရေချိုး၊ အဝတ်စားလဲနေ
တယ်။ ဂုဏ် က ဂျင်းဘောင်းဘီ အမဲနဲ့ ရှပ်အင်္ကျီအဖြူပေါ် အစိမ်းရောင် V- Shape
ဆွယ်တာလေးကို ထပ်ဝတ်ထားတယ်။

ဒေါက်... ဒေါက်... ဒေါက်

အခန်းအပြင်က တံခါးလာခေါက်တော့
ဂုဏ် သွားဖွင့်ပေးလိုက်တယ်။

"ဟော... ထွန်းလတ် နဲ့ ညိုဇော်
မင်းတို့က အဆင်သင့်ဖြစ်နေပြီပဲ"

"ဟုတ်ကဲ့ ... အစ်ကိုကြီးရော
ပြင်ဆင်လို့ ပြီးပါပြီလား"

"အေး ... ပြီးပြီ
နေဦး ... ငါပိုက်ဆံအိတ်
ယူလိုက်ဦးမယ်"

"မယူနဲ့တော့ အစ်ကိုကြီး
ကျွန်တော်ရို့ ဒီနေ့
ပွဲစျေး မသွားဖြစ်ပါဘူး"

"ဟင်... စောစောက ပြောတော့
သွားမယ်ဆို... အခု
ဘာလို့ မသွားဖြစ်တော့တာလဲ"

ပွဲစျေးဘာလို့မသွားဖြစ်တာလဲလို့ ဂုဏ် က
မေးတော့ ထွန်းလတ် နဲ့ ညိုဇော် က
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး
ရယ်နေကြတယ်။ ပြီးနောက် ညိုဇော်
က ခဏနေသိရမှာပေါ့လို့ ပြောပြီး ဂုဏ် ရဲ့
မျက်လုံးကို ပုဝါ နဲ့ အုပ်စီးလိုက်တယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now