(Ending)

8.2K 282 36
                                    

ဇာနည် မွေးနေ့ မတိုင်ခင် ဂုဏ်တို့ ဂေဟာ
ကို ပြန်လာခဲ့ကြတယ်။ မွေးနေ့ ရောက်တော့
ထုံးစံအတိုင်း မနက်ပိုင်း ဘုန်းကြီးကျောင်း
ကို ဇာနည် ဆွမ်းချိုင့်သွားပို့ခဲ့တယ်။ နေ့လည်
စာကိုတော့ ဂေဟာက ကလေးတွေအကြို
က် ပင်လယ်စာကတ်ကြေးကိုက်ကြော်ကျွေး
ခဲ့တယ်။ ဒီနှစ်မှာ မြို့ပေါ်က ဂုဏ် မွေးနေ့
ကိတ်မှာပေးလို့ ကလေးတွေနဲ့အတူတူ ဇာနည်
ကိတ်မုန့်ခွဲခဲ့ရတယ်။

"မနှစ်ကမွေးနေ့မှာရော၊ ဒီနှစ်
မွေးနေ့မှာရော အစ်ကိုနဲ့
အတူတူ ရှိပေးခဲ့လို့ ညီ​ချေကို
ကျေးဇူးတင်ပါတယ်..."

"ကျွန်တော်လည်း နောင်နှစ်ပေါင်း
များစွာတိုင် အစ်ကိုမွေ့ ရဲ့မွေးနေ့ မှာ
အမြဲအတူရှိခွင့်ရချင်ပါတယ်ဗျ"

မွေးနေ့ညက အခန်းထဲရောက်တော့
ကျေးဇူးတင်စကားပြောပြီး ဂုဏ်
နဖူးကို ဇာနည် အနမ်းပေးခဲ့တယ်။

ဂုဏ် နဲ့ ဇာနည် တစ်ယောက်ကို တစ်ယောက်
ချည်ထားတဲ့ သံယောဇဥ် ကြိုးလေးက
အဖြူထည်လေးမို့ သိပ်ပြီးအေးချမ်းပါတယ်။
အဲဒီလိုနဲ့ ၅ လပိုင်း ဒုတိယပတ်ထဲကို
ရောက်တော့ ဂုဏ်နတ်ရှိန် က စကားဆိုတယ်။

"အစ်ကိုမွေ့... ဘာလိုလိုနဲ့
ရွာလမ်းချဲ့တာတောင်
ပြီးသလောက်ဖြစ်သွားပြီနော်"

"ဟုတ်တယ် ... ညီချေ ဒီကို ရောက်လာတဲ့
တစ်နှစ်အတွင်း ဂေဟာအသစ်လည်း
ဆောက်လို့ပြီးသွားတယ် ... ပြီးတော့ အခု
ဆို ရွာလမ်းပေါက်သွားလို့ သုံးဘီး
ကို ရွာထိပ်ထိ ထွက်စီးစရာမလိုတော့ပါဘူး
ဒါ ညီချေကျေးဇူးတွေကြောင့်ပါ"

"ကျွန်တော်ကို ကျေးဇူးမတင်ပါနဲ့
တကယ်တော့ ဒါတွေက
ဖေဖေ ပိုက်ဆံနဲ့လုပ်ပေးခဲ့တာပါ"

"အစ်ကိုသိပါတယ် ...
အန်တီ မြတ်မွန် ကိုရော
ဦးနတ်ဂုဏ်ရှင် ကိုရော
ဒီက ဂုဏ်လေး ကိုပါ
ကျေးဇူးတင်တာ ဟုတ်ပြီလား... "

"ဘယ်လို...ကျွန်တော်ကို
ဘယ်လိုခေါ်လိုက်တာလဲ"

"ဘယ်လိုခေါ်လိုက်လို့ပါလဲ"

"ဂုဏ်လေး လို့ ခေါ်လိုက်သလားလို့"

"ကြားတာကို ပြန်မေးနေပါတယ်
ဘာလဲ မကြိုက်လို့ပါလား
မကြိုက်ရင် နောက်မခေါ်ပါဘူး"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now