ကျွန်တော်ချစ်သောမွေ့ (S2-4)

2.9K 192 19
                                    

ဂုဏ်နတ်ရှိန် ဘွဲ့ယူမယ့်နေ့ဖြစ်တာမို့ အားလုံးအစောကြီးထပြီး ရေမိုးချိုး ပြင်ဆင်နေ
ကြပြီ။ ယစ်မူးထန် နဲ့ ကျန်တဲ့သူငယ်ချင်းများ
က ဂုဏ် ထက် ကျောင်းတက်တာစောကြတော့ ဘွဲ့ရတာလဲ တစ်နှစ်စောကြတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ဘွဲ့အတူယူချင်
ခဲ့တဲ့ ဂုဏ် ရဲ့ ဆန္ဒတော့ မပြည့်ဝခဲ့ပါ။

ဇာနည် တစ်ယောက် ကုတင်နားမှာ ဂုဏ်
ရေချိုးခန်းကထွက်လာရင် ဝတ်ဖို့
အဝတ်အစား​ထုတ်ပြီး စောင့်နေတယ်။ ခ
ဏကြာတော့ ဂုဏ် ရေချိုးခန်းထဲက
ခေါင်းစိုကြီးနဲ့ ထွက်လာတယ်။

"ညီချေ ... ရေချိုးတာလဲ
ကြာလိုက်တာ ... အစောကြီး
ခေါင်းတွေလဲ လျော်လို့
ပါလား ... လာ ... ဒီမှာထိုင်ပါ"

ဇာနည် ခေါ်တော့ ဂုဏ် အနားကိုလျှောက်
သွားပြီး ကုတင်ခြေရင်းမှာ ဝင်ထိုင်
လိုက်တယ်။ ပြီးနောက် ဂုဏ် လက်ထဲက
တဘတ်ကို ဇာနည် လှမ်းယူလိုက်
တယ်။

"အကိုသုတ်ပေးပါမယ် "

"ဟုတ်ကဲ့..."

"အော်... ဒါနဲ့ မနေ့ညက
ပြတဲ့အဝတ်စားပဲ ဝတ်မှာမလား
အကို အဲဝတ်စုံလေးပဲ
ထုတ်ထားတယ်။ဒါမှမဟုတ် ညီ
ချေ ပြောင်းချင်သေး
လား... အကို တခြားဟာထုတ်..."

"မပြောင်းတော့ဘူး ...
အကိုမွေ့ထုတ်ပေးတာပဲ ဝတ်မယ်
နောက်လည်း အ​ကိုမွေ့က
နေ့တိုင်းကျွန်တော်ဝတ်ရမယ့်ဟာ
ကို ရွေးပေးရမယ်နော်"

"အင်းပါ... ရပြီ...
ခေါင်းခြောက်သွားပြီ
ဒါဆို အဝတ်အစား
လဲလိုက်တော့နော်..."

ဂုဏ်နတ်ရှိန် ခေါင်းညိမ့်ပြပြီး Skincare ပစ္စည်းတွေတင်ထားတဲ့ မှန်တင်ခုံ
နားကိုလျှောက်လာလိုက်တယ်။ ပြီးနော
က် Roll On ဘူးကိုယူပြီး ဂျိုင်းနှစ်
ဖက်ကို တစ်လှည့်ဆီ လိမ်းလိုက်တယ်။ နောက်ဆုံးမှာ Body Spray ဘူးကို
လှုပ်ပြီး ဂုဏ် သူ့ ခန္ဓာကိုယ်တစ်လျှောက်
ဖြန်းလိုက်ပါတော့တယ်။

လွန်ခဲ့တဲ့သုံးနှစ် ဂုဏ်နတ်ရှိန် ရန်ကုန် အ
လည်ပြန်လာတုန်းက ခန္ဓာကိုယ် အနည်းငယ် ပြည့်လာတယ်။ ဒါပေမဲ့ အခုခန္ဓာကိုယ်
က အရင်ကထက် ကျစ်လစ်နေတော့ ဇာနည် ငေးကြည့်နေမိတယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now