(Ep-12)

5.4K 367 9
                                    

ဂုဏ် တို့ စာသင်တာ သုံးရက်မြှောက်တဲ့နေ့မှာ
ဆောက်လက်စဂေဟာကို အလုပ်သမားတွေ
ငှားပြီးစဆောက်နေကြပါပြီ။ မနက်ခင်းတစ်
ပိုင်းတော့ ဂုဏ် က ဦးစိုးငယ် ကို လိုအပ်တာတွေ ဝိုင်းကူပေးခဲ့တယ်။ ဂုဏ် လည်း သူဖြစ်စေချင်တဲ့ တိုက်ပုံစံကို အင်ဂျင်နီယာတွေကို
ပြောပြပြီး ညှိနှိုင်းခဲ့တယ်။ အဲလိုနဲ့ညနေ
စောင်းရောက်တော့ ပုံမှန်အတိုင်း ဂုဏ် တို့ည
စာစားပြီးတာနဲ့ စာသင်ခန်းထဲတန်းဝင်ကြ
ရတယ်။

ဇာနည် တစ်ယောက် White Board ရှေ့ရပ်ပြီး Physics (Definition) တွေ သင်ပေး
နေတယ်။အထူးသဖြင့် စာနဲ့ဝေးသွားတဲ့ ဂုဏ် ကို အခြေခံကနေ သိအောင် ဇာနည် အချိ
န်ယူပြီး ပြန်ရှင်းပြပေးခဲ့တယ်။ ဒါပေမယ့် ဂု ဏ် က နောက်မှာရှိတဲ့ ခုံတန်းရှည်ကို ကျော
မှီပြီး ဟိုကြည့်၊ ဒီကြည့်နဲ့ ထိုင်နေတယ်။ ဇာ
နည် ရှင်းပြနေတာကိုသေချာအာရုံစိုက်နား
မထောင်နေပါ။ ခဏအကြာ ဇာနည် White Board ဘက်ကိုလှည့်သွားတော့ ဂုဏ် က
ဘောင်းဘီအိတ်ထဲကနေ သူ့ရဲ့ဖုန်းကို ထုတ်လိုက်တယ်။

တင် .... တင် ... တင် ... တင်!

ဂုဏ် Internet ဖွင့်လိုက်တဲ့အခါ
Facebook Noti တက်လာသော အသံပင်။

ဇာနည် တစ်ယောက် White Board ဘက်
လှည့်ပြီး စာရေးနေစဥ် စာသင်ခန်းထဲက
"တင် ...တင် ...တင်"ဟူသောအသံကိုကြား
ကြားလိုက်ရတော့လန့်သွားပါတယ်။ ပြီး
နောက် နောက်လှည့်ကြည့်တဲ့အခါမှာ ဂုဏ်
ဖုန်းဆော့နေတာကို ဇာနည် တွေ့လိုက်ရ
တယ်။ ဇာနည် ဒေါသထွက်သွားပြီး ဂုဏ်
အနားကို ခြေလှမ်းခပ်ကျဲကျဲနဲ့ လျှောက်
လာခဲ့တယ်။ အဲအချိန်မှာ ညိုဇော် နဲ့ထွန်းလတ် က လက်တို့ပြီး သတိပေးခဲ့ပေမယ့် ဂုဏ် က ဂရုမစိုက်၊ သူ့​ဖုန်းကိုဆက်ကြည့်
နေလေတယ်။

ဘုန်း... ဘုန်း... ဘုန်း!

ဂုဏ် တို့ အရှေ့က ခုံတန်းရှည် ကို ဇာနည်
လက်ဖြင့် ထုရိုက်လိုက်သည့် အသံ။

ထိုအသံကြောင့် ထွန်းလတ် နှင့် ညိုဇော် လန့်
သွားသော်လည်း ဂုဏ် အနည်းငယ်မျှ
မတုန်လှုပ်သွားခဲ့ပေ။ ထို့ကြောင့် ဇာနည် ပိုဒေါသထွက်သွားကာ ဂုဏ် လက်ထဲက
ဖုန်း ကို ဆွဲယူလိုက်သည်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now