ကျွန်တော်ချစ်သောမွေ့ (S2_16)

2.2K 128 26
                                    


Cheer !

"ကဲ ... ငါတို့သူငယ်ချင်း ဂုဏ်နတ်ရှိန် နဲ့ အစ်
ကိုကြီးဇာနည် တို့ ရဲ့ ချစ်သူသက်တမ်း
၇ နှစ်ပြည့် ကစလို့ နောင်နှစ်ပေါင်းများစွာတိုင်
အေးအတူ ပူအမျှ ၊ တစ်ယောက်အပေါ်
တစ်ယောက် နားလည်မူ့ ပေးနိုင်ပြီးပျော်ရွင်စွာ
ဖြတ်သန်းနိုင်ပါစေဗျာ"

ဂုဏ် နှင့် ဇာနည် တို့ရဲ့ ချစ်သူသက်တမ်း ၇
နှစ်ပြည့် အထိန်းအမှတ်အနေနဲ့ ညစာ
စားပွဲကို သူငယ်ချင်းတွေဖိတ်​ပြီး စားသော
က်ဆိုင်တစ်ခုမှာ ပြုလုပ်ခဲ့တယ်။ ဒီပါ
တို့ အတွဲကတော့ အလုပ်ကိစ္စနဲ့ ခရီးလွန်နေ
လို့ ဂုဏ် တို့ ညစာစားပွဲကို မတက်ရော
က်ဖြစ်ခဲ့ပါ။ ဂုဏ် တို့ အားလုံးခွက်ချင်းတို
က် ၊ Cheer လုပ်ခဲ့ကြပြီး သူငယ်ချင်း
များက ဆုတောင်းစကားပြောပေးကြတယ်။
ခဏကြာတော့ မှာထားတဲ့ အစားအ
သောက်များ စားပွဲပေါ်လာချပေးလို့ ဂုဏ် တို့
စားရင်းနဲ့ စကားဆက်ပြောခဲ့ကြတယ်။

"ဟရောင့် ရှိန် ... ဒီနေ့ မနက် မင်းတို့
ဘယ်တွေသွားပြီး ဘာတွေလုပ်ဖြစ်ကြလဲ"

စားပွဲဝိုင်းတွင် ခေတ်သစ်ပိုင်မှ စကားစလိုက်တာပင်။

"ထွေထွေထူးထူးတော့ မရှိပါဘူးကွာ
မနက်စောပိုင်းက ရွေတိဂုံ ဘုရားသွားပြီး
အပြန် ဆိုင်တစ်ဆိုင်မှာ မနက်စာ ဝင်
စားကြတယ်... ပြီးတော့ ... "

ခေတ်သစ်ပိုင် ရဲ့ အမေးကို ပြန်ဖြေရင်းနဲ့
ဂုဏ် က သူ့ညာဘက်လက် ကို ထောင်ပြပါတယ်။
ပြီးနောက် မွေ့ဇာနည် ရဲ့ လက်တစ်ဖက်ကို
ပါ ဆွဲယူပြီး ဂုဏ် က နှစ်ခုယှဥ်ပြပြန်တယ်။ ဂုဏ်
ပြတော့ သူငယ်ချင်းတွေလည်း စိတ်ဝင်တ
စား နဲ့ လက်ကို သေချာကြည့်လိုက်ကြတယ်။ အဲအချိန် ဂုဏ် နဲ့ ဇာနည် တို့ လက်သကြွယ် မှာ
ငွေမှင်ရောင် လက်စွပ်ဆင်တူစွပ်ထားကြတာကို
တွေ့လိုက်ရပါတယ်။

"Wow..."

"ဆင်တူလက်စွပ်နဲ့ပါလား
မိုက်လိုက်တာ"

"ထပ်ပြီး Congratulations ပါ"

"ဟရောင့်တွေ အရမ်းလည်း ဂုဏ်ပြု
မနေကြနဲ့အုံး ... ဒါက နှစ်ဦးသဘောတူ
စေ့စပ် လက်စွပ် ပဲ ရှိသေးတာနော်...
လက်ထပ် လက်စွပ် မဟုတ်သေးဘူး"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now