(Ep-8)

6.4K 405 11
                                    

Unicode
💌💌💌

နောက်တစ်နေ့မနက်ပိုင်း ငပလီ ကမ်းခြေတွင်
ကမ္ဘာလှည့်ခရီးသွားလာသူများ၊ပြေးလွှား
ဆော့ကစားနေသည့် ကလေးငယ်များ၊ဒေသ
ထွက်ပစ္စည်းများနှင့်ပင်လယ်စာအကင်ဗန်း
ခေါင်းရွက်ထားသောစျေးသည်များဖြင့် စည်
ကားနေလေသည်။ ထိုအချိန် ဂုဏ် က အ
ဖြူရောင်မွေ့ယာပေါ်တွင် မှောက်ယက်လေး
အိပ်ပျော်နေတုန်းပင်။

ဂုဏ် နေတဲ့အခန်းက Seaview ဖြစ်၍
ပင်လယ်လှိုင်းပုတ်သံကို အခန်းထဲကနေ ကောင်း
ကောင်းကြားရသည်။ ထို့ကြောင့် ခဏ
အကြာတွင် ဂုဏ် မျက်လုံးနှစ်လုံးစုံပွင့်လာကာ အိ
ပ်ယာမှ နိုးလာခဲ့သည်။ ထို့နောက် ဂုဏ်
အတွေးထဲကို ပထမဆုံးဝင်လာတာ ညကအကြော
င်းပင် ဖြစ်သည်။

TrowBack ⏮⏮⏮

မနေ့ညတုန်းက ဇာနည် အကူညီမလိုဘူးဟု
ပြောကာအခန်းအပြင်ထွက်ဖို့အလုပ်
ဂုဏ် က လက်ကိုလှမ်းဆွဲထားလိုက်သည်။

"ဒါကဘယ်လဲ..."

"ဘယ်ဖြစ်ဖြစ်ပေါ့
ငါ့လက်ကို အခုလွှတ်"

"မလွှတ်ဘူး ... ကျွန်တော် သိတယ်
ခင်များဟိုနှစ်ယောက်
ခခန်းကို သွားမလို့ မဟုတ်လား"

"အဲတာမင်းနဲ့ ဘာဆိုင်လဲ
ငါဟာငါ သွားချင်ရင်သွားမှာပေါ့"

"ဟာ... ခင်များလူမူ့ရေး
နားမလည်ဘူးလား..."

"ဘာ... "

"ဟိုက အတွဲတွေလေ... တစ်ခါတလေ
ခရီးထွက်တာ နှစ်ယောက်ထဲ
နေချင်မှာပေါ့ ... ဘာလဲ ... ခင်များက
သူတို့ ကြားထဲသွားနေမို့လား"

"အဲတာငါ့အပိုင်း ... အဓိကက
မင်းနဲ့အတူမနေရရင် ပြီးရော... ဖယ်... "

ဇာနည် လည်း ဂုဏ် လက်ထဲက ရုန်းထွက်ပြီး
ရှေ့ဆက်လျှောက်ဖို့ ပြင်လိုက်တယ်။
ဒါပေမယ့် ဂုဏ် က အနောက်ကနေ ခါးကို သို
င်းဖက်လာတော့ ဇာနည် ခြေလှမ်းများ
ရပ်တန့်သွားခဲ့တယ်။

"ဟာ... ဟေရောင့်
ဘာလုပ်တာလဲ... လွှတ်ကွာ... "

"မလွှတ်ဘူး ... ခင်များ
မသွားဘူးဆိုမှ လွှတ်မယ် ... "

"ဘာလဲကွာ...ငါ လွှတ်လို့
ပြောနေတယ်နော်"

"ကျွန်တော်လဲပြောပြီးပြီ
ခင်များ အဲအခန်းကို မသွားဘူး
ဆိုမှ လွှတ်ပေးနိုင်မယ်"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ